Unicode
A/N : ဒီအပိုင်းက Scenes တချို့က စာရေးသူရဲ့စိတ်ကူးယဉ်ဖန်တီးမှုသပ်သပ်သာဖြစ်ပြီး Artist တွေကို ထိခိုက်လိုစိတ်လုံး၀မရှိပါနော်။ အတတ်နိုင်ဆုံး မရိုင်းအောင်ရေးထားပေမယ့် စိတ်အနှောက်အယှက်ဖြစ်မယ်ထင်ရင် မဖတ်ဖို့ကြိုသတိပေးပါရစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~"သေပြီလားမသိဘူး"
"Ai Pai, မင်းပါးစပ်ပိတ်ထား၊ ငါတို့ ဒီကောင့်ကိုအမြန်ရှင်းပစ်မှဖြစ်မယ်"
"မင်းကားတစ်စီးရှာလိုက်၊ လောလောဆယ် ဒီနားမှာ ခဏဖွက်ထားပြီး မှောင်ရင် ကားနဲ့မြို့ပြင်မှာသွားပစ်ရမယ်"
"မှောင်တဲ့အထိစောင့်ရမှာလား"
"မစောင့်လို့ ဒီအချိန်ကြီး မင်းသွားရဲလို့လား၊ တစ်ယောက်ယောက်တွေ့သွားရင် ဘယ်လိုလုပ်မလဲ၊ ဟိုမှာသွေးတွေနဲ့ကို"
"Ai Tor, ငါတို့ သူ့ကို ဆေးရုံပို့ရင် မီနိုင်တယ်နော်"
"Ai Pai, မင်းရူးနေလား သူ့ကိုဆေးရုံပို့ရင် ငါဘယ်လိုဖြစ်သွားမလဲ၊ ပြီး မင်းလည်းကြံရာပါပဲနော်"
နားထဲကြားနေရတဲ့စကားတွေက ကြားတစ်ချက်မကြားတစ်ချက်ဆိုပမယ့် Pai နဲ့ Tor တို့ရဲ့အသံတွေမှန်းတော့သိသည်။ မျက်လုံးကိုကြိုးစားဖွင့်ပေမယ့်ဖွင့်မရ၊ ခေါင်းထဲကထိုးကာ နာနေတာကြောင့်လည်း Chay ကမ္ဘာက အမှောင်ထုဖြစ်နေသည်။
မကြာမီပင် Chay သတိပြန်လည်လာတော့ ရွေ့လျားမှုကိုခံစားရသည်။ အနည်းငယ် တုန်ခါမှုကိုခံစားကြည့်လျင် ကားပေါ်ရောက်နေတာဖြစ်နိုင်သည်။
ကြိုးစားဖွင့်ကြည့်တော့ ကားရှေ့ခန်းက နှစ်ယောက်ကို မြင်ရသည်။ သို့သော် အရိပ်များနှင့် ရောထွေးကာ တစ်ဖန်ပြန်ပြီး အမှောင်ထုထဲရောက်သွားရပြန်ပါပြီ။
"အား ကျွတ် ကျွတ်၊ ကယ်......ပါ......"
နောက်တစ်ခေါက်သတိပြန်လည်လာတော့ ပထမဆုံးထွက်လာတဲ့အသံဖြစ်သည်။
နှုတ်ခမ်းတွေကိုကြိုးစားလှုပ်လိုက်ပြီး အားကုန်အော်လိုက်ပေမယ့် ထင်သလောက် အသံကထွက် မလာ၊
Chay အနား ပါတ်၀န်းကျင်၌ အမှောင်ထုက ရှိမြဲရှိနေဆဲ၊ သို့သော် Chay ကျောခင်းလှဲနေရာက မြေကြီးပေါ်မှာဖြစ်သည်။
![](https://img.wattpad.com/cover/313968350-288-k22791.jpg)
YOU ARE READING
STAY
Fanfiction"လူတွေသိတဲ့ ငါက Kim.....ပြီးတော့ မင်းက Chay...... လူနည်းစုပဲသိတဲ့ငါက Jeff......ပြီးတော့မင်းက Barcode...... အဲ့နှစ်မျိုးက အပြိုင်စင်္ကြာ၀ဠာဆိုရင်တောင် ငါ့နှလံုးသားကတော့ မင်းကိုပဲ ရွေးချယ်မိမှာပဲ" - 𝗝𝗲𝗳𝗳 𝗦𝗮𝘁𝘂𝗿 "စင်္ကြာ၀ဠာတိုင်းမှာ အစ်ကို့ကိုခ...