Chapter 21 (Uni+ZG)

464 48 10
                                        

Unicode

"Code ရေ Code Code"

အခန်းထဲကနေ Barcode ကိုတကြော်ကြော်ခေါ်ရင်း ပျာပျာသလဲ ပြေးထွက်လာသူ Jeff ကြောင့် မီဖိုချောင်ထဲ ချက်လက်စဟင်းတွေကိုတောင် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားရသည်။

"ဘာ ဘာဖြစ်တာလဲ P'Jeff"

"ကိုယ့်သွားဖြေတဲ့ audition လေ၊ အောင်သွားပြီတဲ့"

"အား!"

Jeff ထက်ပင်ပိုစိတ်လှုပ်ရှားသွားသော Barcode မှာ မီးဖိုချောင်ထဲ ကဆုန်ပေါက်ရင်း Jeff ကို ဆွဲဖက်လိုက်သည်။

"ကျွန်တော်မပြောဘူးလား P'Tepp လုပ်နိုင်မှာပါလို့၊ အား ပျော်လိုက်တာ"

"ကိုယ်တကယ်မယုံနိုင်ဘူး၊ ကိုယ့်ကို ဖုန်းဆက်ပြီး လာခဲ့ဖို့ပြောတာ၊ သူတို့က ကိုယ့်ကို Companyနဲ့ပါ စာချုပ်ချုပ်စေချင်တာ"

"အခုကစပြီး ကိုယ့်ကိုယ်ကို ပိုပြီးယုံကြည်ချက်ထားရမယ်နော်"

"Code ရှိနေဖို့ပဲလိုတာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"Sawadeeka Nong Jeff"

"Sawadee Khrap P'Gia"

"ရွေးချယ်ခံလိုက်ရတဲ့အတွက် congratulations ပါနော်"

"ကျေးဇူးပါဗျ"

"အစ်မဒီနေ့ခေါ်လိုက်ရတာက Jeff နဲ့ စာချုပ်ချုပ်ဖို့ရယ်၊ နောက်ပြီး သက်ဆိုင်ရာတွေနဲ့မိတ်ဆက်ပေးဖို့ရယ်အတွက်ပါ၊ နောက်ဆို Jeff လည်း Raccoon Entertainment ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတော့မှာဆိုတော့"

"ဟုတ်ကဲ့"

"Sawadee Gia"

"Aoww P'Milk, လာလေ"

နာမည်နဲ့လိုက်အောင် ဖြူဖွေးညက်ညောသော အသားအရေနှင့် အမျိုးသမီးတစ်ဉီး ၀င်လာကာ Jeff အနားမှာထိုင်သည်။

ပေါင်လယ်လောက်ရှိတဲ့စကပ်မှ ဆင်းကျလျက်ရှိသော ပေါင်တံနှင့် ခြေသလုံးသေးသွယ်သွယ်တို့အပြင် ခါးအထိ ရှည်ပြီး ဝဲကျနေတဲ့ ရွှေဝါရောင် ဆံပင်ကွေးကွေးတို့ကို ၀င့်ကြွားစွာဖြင့် ထိုအမျိုးသမီးက Jeff ကိုပြုံးပြနှုတ်ဆက်သည်။

ထိုအမျိုးသမီးမှာ တခြားမဟုတ်၊ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသမီးစာရင်၀င် 'Milk Prachi Thitiwut'

STAYWhere stories live. Discover now