Unicode
"Code , မင်းဘာဖြစ်လာတာလဲ"
Dan အိမ်ထဲ ရုတ်တရတ်၀င်လာပြီး အိမ်ရှေ့ခန်းမယ် မျောက် မှိုင်မှိုင်နေသည်မှာ ၁၅ မိနစ်ခန့်ပင်ရှိပြီဖြစ်တာကြောင့် Dan က စကားစလိုက်သည်။
"ဘာလဲ ဟိုကောင်နဲ့စကားများလာတာလား"
"မများပါဘူးဗျာ"
"အဲ့ဆို ဘာလို့ ငါ့အိမ်လာပြီးမျောက် မှိုင်မှိုင်နေတာလဲ"
"စိတ်ညစ်လို့ပါဗျာ"
"မင်းကဘာကိုစိတ်ညစ်နေတာလဲ၊ ဘာစားချင်လို့လဲ"
"ဟာဗျာ မုန့်စားချင်လို့မဟုတ်ပါဘူး"
"အေးဒါဆို ဘာစိတ်ညစ်တာလဲ ပြောစမ်းပါဉီး"
"ဟိုလေ၊ P'Jeff က ကျွန်တော့်ကိုမချစ်တော့ဘူးထင်တယ်"
"ဟင်၊ သူကမင်းကို အဲ့လိုပြောလို့လား"
"အဲ့လိုတော့မပြောဘူးပေါ့ ဒါပေမယ့် Code စိတ်ထဲက ခံစားမိတာလေ"
"ဟင် ဘယ်လိုကြီးတုန်း"
"ဒီလိုဗျာ P'Jeff ရဲ့သီချင်းစာအုပ်ကို ဟိုနေ့ကကျွန်တော် ခိုးပြီးဖတ်ကြည့်လိုက်တာ"
"အွန်း အဲ့မှာဘာတွေ့လို့လဲ"
"အချစ်သီချင်းတွေရေးထားတယ်"
"ဟာ မင်းက လည်းလုပ်ပြီ၊ သီချင်းရေးတာပဲ အချစ်သီချင်းပဲရေးမှာပေါ့ကွ"
"အချစ်သီချင်းဖြစ်တာကဘာမှမဖြစ်ပါဘူး၊ အခုဟာက သူ့စာသားတွေက ကျွန်တော့်ကိုရည်ညွှန်းတာမဟုတ်ဘူးလို့ခံစားရတယ်"
"ဟမ်၊ ဗုဒ္ဓေါ"
"တချို့စာသားတွေက ကျွန်တော်နဲ့မဆိုင်တာတွေဗျာ၊ တခြားတစ်ေယာက်ကို ရည်ညွှန်းထားတာဆိုတာ ကျွန်တော့်စိတ်က အလိုလိုသိနေတယ်၊ သေချာတယ် သူ့မှာနောက်တစ်ယောက်ရှိနေပြီ"
"ခဏလေး ခဏလေးနော်၊ ငါမရှင်းလို့မေးပါဉီးမယ်။ သူက မင်းအကြောင်း သီချင်းရေးမယ်ပြောထားလို့လား"
"အဲ့လိုတော့မပြောပါဘူး၊ ဒါပေမယ့် Code က သူ့ရည်းစားလေ၊ Code အကြောင်းပဲသီချင်းရေးရမှာမဟုတ်ဘူးလား"

YOU ARE READING
STAY
Fanfiction"လူတွေသိတဲ့ ငါက Kim.....ပြီးတော့ မင်းက Chay...... လူနည်းစုပဲသိတဲ့ငါက Jeff......ပြီးတော့မင်းက Barcode...... အဲ့နှစ်မျိုးက အပြိုင်စင်္ကြာ၀ဠာဆိုရင်တောင် ငါ့နှလံုးသားကတော့ မင်းကိုပဲ ရွေးချယ်မိမှာပဲ" - 𝗝𝗲𝗳𝗳 𝗦𝗮𝘁𝘂𝗿 "စင်္ကြာ၀ဠာတိုင်းမှာ အစ်ကို့ကိုခ...