💚Part 1💚 Uni

919 36 1
                                    

"မသွားရဘူး ။ ကျွန်တော် သဘောမတူနိုင်ဘူး......ကိုကို။ "

"ဘယ်လိုရှင်းပြလို့ မှမရပါလား....ငယ်ရယ် ။ ကိုကို သွားမှဖြစ်မယ်။ ကိုကို သွားချင်တယ် ငယ်။ "

"ကျွန်တော် သဘောမတူနိုင်ဘူး လို့ပြောနေတယ်လေ ကိုကို။ သွားမယ်ဆို ကျွန်တော် အခုကတည်းကကြိုပြောလိုက်မယ် သွားပြီးရင် ကျွန်တော့်ဆီဘယ်တော့မှ ပြန်မလာနဲ့တော့ ကိုမာန်ဝင့်ထည်...."

သူဘယ်လိုပြောပြော အကျောက် အကန်ငြင်းဆန်နေသည့် ငယ့်ကို မာန် တွေတွေလေးငေးနေမိသည်။

ရှိရင်းစွဲ ဖြူစွတ်စွတ် မျက်နှာသွယ်သွယ်လေးဟာ ယခုနေမှာတော့ ဒေါသရှိန်ကြောင့် အနီရောင်သို့ ပြောင်းလုလု။ ဒေါသမုန်တိုင်းအဖျားခတ်မှုကြောင့် ဖိကိုက်ခံထားသည့် နီရဲရဲနှုတ်ခမ်းပါးလေးတွေက သွေးခြေဥနေလေပြီ။

သာမန်အချိန်ဆို စိတ်ဆိုးစိတ်ကောက်မရှိတက်တဲ့ ငယ်၊ သူ့အပေါ်နားလည်ပေးနိုင်လွန်းတဲ့ ငယ်ဟာ ဘာလို့များဒီလို အခြေအနေကြမှ သူ့ကိုနားလည်မပေးနိုင်ရသနည်း။

ငယ်နဲ့ သူ ချစ်သူဖြစ်လာသည့် သက်တမ်းတစ်လျှောက် အခြေအတင်ဖြစ်တာ ပထမဦးဆုံး အကြိမ်မို့ ငယ့်ကိုဘယ်လို ဖြောင်းဖြရမလဲ သူတကယ်မသိပေ။
မာန် သက်ပြင်းရှည်တစ်ခု ချလိုက်မိရင်း

"ငယ် ဘာလို့ ကိုကို့ကို အဲ့လောက်ထိ မသွားစေချင်ရတာလဲ ။...ဟင် ဒါ ကိုကို့ အိပ်မက်ဆိုတာလည်း သိရဲ့သားနဲ့ကွာ။ ငယ်ပြောတော့ ကိုကို့ အနားမှာ ကိုကို့ရဲ့ပါရမီဖြည့်ဘက်ဘဲဖြစ်ချင်တာဆို ကိုကို့ဆန္ဒကို ငယ်နည်းနည်းလေး မှ မလိုက်လျောနိုင်တော့ဘူးလား ဟင်"

မာန် ငယ့်ကို အထွဏ်တက်မိသည်။ ဖွံဖြိုးတိုးတက်နေသည့် မြို့ကြီးတွေမှာသာ ဆရာဝန်တွေ မှိုလိုပေါက်နေပေမယ့် တချို့မဖွံဖြိုးသေးတဲ့ နယ်စပ်ဒေသတွေမှာ ကျန်းမာရေးအတွက် ဆေးမှူးတွေတောင် မရှိတာမို့ခက်ခဲတဲ့ ဒေသတွေ အတွက် စေတနာ့ဆရာဝန်တစ်ယောက်သူဖြစ်ချင်သည်။

မလိုအပ်တဲ့နေရာမှာ တိုးဝှေ့ တွန်းတိုက်ရင်း ငွေပုံပေါ်ထိုင်နေရသည်ထက် လိုအပ်နေတဲ့နေရာမှာ လူ့အသက်ကယ်ရင်း နေချင်ခဲ့တာ မာန့်ရဲ့ ငယ်ငယ်လေးကတည်းက အိပ်မက်မဟုတ်ပေလား။ ဒါကို ဘာလို့များ ငယ်က နားမလည်နိုင်ရသလဲ သူမသိတော့။

ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)Where stories live. Discover now