💚Part 4💚Uni

375 21 0
                                    

ဘာလိုလိုနဲ့ အဆင်ပြေမနေသေးတဲ့ ခံစားချက်တွေ ကုစားရင်း နယ်မြို့လေးမှာ အလင်း သောင်တင်နေတာ အဘိုးဆုံးကတည်းကဆို ၁လပင် ပြည့်တော့မည်။

ရန်ကုန်မှာလည်း အလင်းလုပ်တွေ ပစ်ခဲ့တာမလို့ အောင်ကတော့ Ph တဂွမ်ဂွမ် ဆက်ကာ အလင်းကို ​ပြန်ခေါ်နေပေမယ့် အလင်း ပြန်သွားဖို့ စိတ်မဝင်စားသေးပေ။

အလုပ်ကတော့ အလင်း နဲ့ အောင် စပ်တူဖွင့်ထားခဲ့သည် Decoration Design Groupအသေးစားလေးဘဲ မလို့ အလင်း မသွားလျှင်တောင် အောင်ရှိနေလျှင် သာသာယာယာ လည်ပတ်နိုင်သည်။ အဲ့ဒါကို ကိုအဖြစ်သည်း အောင်ဘုန်းစက်က အလင်းကို မရမက ပြန်ခေါ်နေလေသည်။

အမှန်တကယ်တော့လည်း ဒီမှာနေပြီး အလင်းမှာ အလုပ်လည်းမရှိပါ။ ဆရာ့ကို တောင်းဆိုထားသည့် ကိစ္စကလည်း ဆရာဝန်ကြီးက အသာတကြည်လက်ခံပေးခဲ့သည် မလို့ သက်ဆိုင်ရာ ဆေးရုံအကြီးအကဲတွေဆီမှာ ခံဝန်ကတိ လက်မှတ်ထိုးရုံလောက်နှင့် ပြီးဆုံးသွားခဲ့သည်။

တာဝန်တွေ အားလုံးပြီးဆုံးသွားပြီဆိုပေမယ့် အလင်း ရန်ကုန်မပြန်ချင်သေးပါ။ မပြန်ချင်တာထက် မပြန်ရဲတာဆို ပိုမှန်လိမ့်မည်။ ကိုကိုနဲ့ အတူရှိခဲ့တဲ့နေရာ ကိုကို့အငွေ့အသက်တွေချည်း ပြည့်နှက်နေခဲ့သည့် တိုက်ခန်းငယ်ထဲ အလင်းကို အလင်း ထပ်ပြီး မပိတ်လှောင်ချင်တော့။ 

ကိုကိုထွက်သွားတာ မကြာခင် ၂နှစ်ပြည့်တော့မယ်ဆိုပေမယ့် အလင်း ကိုကို့ကို စိတ်နာနိုင်ဖို့မပြောနှင့် စိတ်ဆိုးဖို့တောင် မဖြစ်နိုင်တော့ပေ။ အချိန်ရှိတိုင်း ကိုကို့ကိုလွမ်းရင်း ငူငူငိုင်ငိုင် ဖြစ်မနေချင်တော့ပါ။

အလင်း ကိုကို့ကို တွေ့ချင်သည်။ ဒါပေမယ့် ကိုကို ဘယ်မှာရှိနေလဲဆိုတာ အလင်းမသိ။ ရခိုင်ရိုးမတဝှိုက်နယ်ဘက်ဟူ၍သာ သိသည်။ ကိုကိုရှိတဲ့ နေရာအတိအကျကို သိမထားသည့် အလင်းအတွက်တော့ မတက်နိုင်၍ လက်မှိုင်ချနေရုံသာ။

အလင်း အတွေးပင်လယ်ထဲ လက်ပစ်ကူးနေရင်း လမ်းလျှောက်မိလျှောက်ရာ လျှောက်လာမိရာက ပတ်ဝန်းကျင်ကို သတိမထားတော့ မြစ်ကမ်းနံဘေးကို ရောက်နေတာသိလိုက်သည်။

ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)Where stories live. Discover now