"အလင်း.......အလင်း"
"ဟေ့ကောင်....အလင်း၊ လင်းရောင်ပျိုး!!!!!!""ဟင်.....ဘာလဲ အောင် "
"မင်း ph လာနေတယ်။ ကိုင်လိုက်ဦး''
သူ ခေါ်နေတာတင်မက လက်ထဲက Phလာနေတာတောင် မကြားနိုင်တဲ့အထိ ငူငူငေါင်ငေါင် ဖြစ်နေသည့် အလင်းကို ကြည့်ပြီး အောင် သက်ပြင်းချမိသည်။
ဒီတစ်ခေါက်ပါဆိုလျှင် အလင်းနဲ့ပတ်သက်ပြီး သူသက်ပြင်းချမိတာ အကြိမ်ပေါင်း မနည်းတော့ပေ။ကိုမာန် ထွက်သွားပြီးကတည်းက အသိစိတ်လွတ်နေတဲ့ လူတစ်ယောက်ကို ဖြစ်သွားခဲ့သည့် အလင်းဟာ အမြဲတမ်း ငူငူငေါင်ငေါင် ရယ်သာ။
အစပိုင်းတုန်းကတော့ စိတ်ခံစားရတုန်း ခဏလေးပါဆိုလွှတ်ထားပေးခဲ့ပေမယ့် ကိုမာန်ထွက်သွားတာ ၁နှစ်ပြည့်တဲ့အထိ အလင်းက ထိုပုံစံအတိုင်းသာ တိုးတက်မှုရှိမလာခဲ့။
အလုပ်ရှိရင်တော့ အလုပ်ကိုအားချိန်မရအောင် မနားတမ်းဖိလုပ်သည်။ အလုပ်မရှိလျှင်တော့ ထုံးစံအတိုင်း ငူငူငေါင်ငေါင် ဖြစ်သွားတက်သည့် အလင်းကို သူဘယ်လို ပြုပြင်ရမလဲ အောင် တကယ်မတွေးတက်တော့ပေ။
ဂလုန်း!!! ဂလွမ်း!!!
အောင် အလင်းအကြောင်းတွေးမိနေတုန်း ဘေးကနေထွက်လာတဲ့ ဆူညံသံတွေကြောင့် ဘေးကိုကြည့်မိတော့ သူ့အလုပ်စားပွဲပေါ်က ပစ္စည်းမှန်သမျှ အိတ်ထဲအလောတကြီးထိုးထည့်နေသည့် အလင်းကြောင့် မျက်ဖြူလန်သွားရသည်။
ဒီကောင် ဘာဖြစ်ပြန်ပြီလဲ
"ဟ ဟေ့ကောင် မင်းဘာဖြစ်လို့ အဲ့လောက်လောနေရတာလဲ"
"အောင် ငါ့ ငါ့အဘိုး အသဲအသန်ဖြစ်လို့ ....အဲ့ အဲ့ဒါ အခုချက်ချင်း ငါနယ်ကိုပြန်ဆင်းမှ ဖြစ်မယ်။ ဒီရက်ပိုင်း ငါ့အလုပ်တွေ မင်းဘဲကြည့်လုပ်ထားတော့ ''
အလင်း အောင့်ကို မှာစရာရှိတာ မှာပြီး အောင်စကားပြန်ပြောမှာကိုတောင် မစောင့်ဘဲ အလောတကြီး ပြေးလာခဲ့မိသည်။ ကားပါကင်ထဲက ကားကို အလောတကြီး ဆွဲထုတ်ကာ မြို့ပြင်ဘက်ကို အလင်းအလျင်အမြန်မောင်းထွက်လာမိသည်။ ဘိုးဘိုးက စိုးရိမ်ရတဲ့ အခြေအနေကိုကျော်လွန်သွားပြီလို့ အိမ်က လှမ်းအကြောင်းကြားထားပေမယ့် အလင်းရဲ့စိတ်ထဲမှာတော့ နယ်ကအိမ်ကိုရောက်ဖို့သာ အလောကြီးနေမိသည်။
YOU ARE READING
ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)
General Fictionအလုပ်တွေ၊လူနာတွေ နဲ့သာ အချိန်ကုန်နေပြီး ချစ်သူအတွက် အချိန်မပေးနိုင်ခဲ့သည့် စေတနာဆရာဝန်လေးတစ်ယောက်နဲ့ တဇွက်ထိုးဆန်ပြီး ဒေါသကြီးသည့် သူ့ရဲ့ချစ်သူကောင်လေး တို့နှစ်ယောက် အကြောင်း ပြောပြမယ်နော် 💚9 . 8. 2022💚 အပိုင်း ၆ ပိုင်းသာ ပါတဲ့ Short Storyလေးဆိုပ...