💚 RL💚
90 3 0
ဒီအကြောင်းတွေ ပြောလည်းပြောချင်တယ်။
ပြောရမှာလည်း အားနာတယ်။
ဒါပေမယ့် မနေနိုင်လို့ Attkhayar ပြောပါပြီ။
Attkhayar ရေးတဲ့ အရေးအသားကလေ တကယ်ဘဲ စုတ်ချာ၊ စုတ်ပျက်နေလားဟင်။
သုံးစားမရလောက်တဲ့ ဇာတ်လမ်းမျိုးတွေ Attkhayar ဖန်တီးထားမိလေသလားဟင်။
Attkhayar အဲ့ဒါလေး သိချင်လို့ပါ ဖြေပေးကြပါနော်။
Attkhayarကြီးကြီးကျယ်ကျယ်တွေပြောနေတာ မဟုတ်ပါဘူး။ Attkhayarဟာ Follower 100တောင်မရှိတဲ့ မဖြစ်စလောက် စာရေးသူလို့တောင် မခံယူရဲတဲ့သူပါ။
Attkhayar ဟာ ပညာရှင်မဟုတ်ပါဘူး။ ဝါသနာရှင်ပါ။
Attkhayar ရဲ့ အရေးအသားတွေ၊ ဇာတ်လမ်း ဇာတ်အိမ်တွေက Proတွေလောက်လည်း ကောင်းမနေသလို အရမ်းလည်း စုတ်ချာနေတဲ့ အထဲမပါဘူးလို့တော့ Attkhayar မြင်တယ်။
အဲ့ဒါတောင် Attkhayar ရဲ့ Ficက အာပလာ ဆိုတဲ့ RL တစ်ခုတည်းထည့်တာခံလိုက်ရတယ်။ ထည့်တဲ့သူ အဲ့Rlကို ဘာစိတ်နဲ့ လုပ်ပြီးထားထားခဲ့လည်း Attkhayar မသိပါဘူး။ ဒါပေမယ့် အဲ့ RL ထဲ Attkhayar ဝင်ကြည့်လိုက်တော့ တချို့ View Millionနဲ့ချီနေတဲ့ Ficတစ်ချို့တောင် အဲ့ RLထဲမြင်ခဲ့ရတယ်။
ပြောချင်တာကကွာ ဒီလို Fic ဒီလိုဇာတ်အိမ်၊ ဒီလိုအရေးအသားမို့ မကြိုက်ရင် မဖတ်နဲ့ ကျော်သွားလို့ရတယ်။ အခုဟာက RLကြီး သီးသန့်လုပ်ပြီးတော့ကို Authorတွေကို လိုက်စော်ကားနေသလိုကြီးကတော့ ရိုင်းလွန်းတယ် ထင်ပါတယ်။
သူအဲ့လို RLကြီးထဲထည့်လိုက်တော့လည်း Attkhayar အတွက်အများကြီး ထိခိုက်သွားတာမျိူးလည်းမရှိပါဘူး။ Attkhayar ကတော့ Attkhayar အလုပ်ကို ဆက်လုပ်နေဆဲပါ။ အခုတောင် နောက်ထပ်တစ်ပုဒ်ကို ရေးနေတာ အပိုင်း ၅ပိုင်းလောက်ထိ ပြီးနေပါပြီ။ အဲ့Rlထဲထည့်ခံရလည်း Attkhayar စာဆက်ရေးနေဦးမှာပါဘဲ။
ဒါပေမယ့် Attkhayar လို တက်သစ်စလေးနောက်တစ်ယောက်ကများ အဲ့လိုRlကြီးထဲထပ်ထည့်ခံခဲ့ရရင်ဆိုတဲ့ အတွေးက Attkhayar ကိုအနှောက်အယှက်ပေးနေတာမလို့ လာပြောတာပါ။ အဲ့ Rl ထဲထပ်ထည့်ခံရတဲ့ နောက်ထပ်တစ်ယောက်ကများ Attkhayar လိုမတွေးဘဲ ။ "ငါရေးတာ မကောင်း ဆက်မရေးရဲ့တော့ဘူး "ဆိုတဲ့ အသိများဝင်သွားခဲ့ရင် လူတစ်ယောက်ရဲ့ ဝါသနာကို ရိုက်ချိုးလိုက်တာနဲ့ အတူတူပါဘဲ။
ကိုယ့်အောက်တန်းကျတဲ့ စိတ်ဓာတ်ကြောင့် တစ်ခြားလူတွေရဲ့ ဝါသနာ၊ စိတ်ဓာတ်ကိုရိုက်မချိုးပါနဲ့
Attkhayar ပြောချင်တာ ဒါပါဘဲ
Fbပေါ်မှယလည်း တင်လို့ရတယ်ဆိုပေမယ့် Attkhayar ရဲ့စာကြောင့် ပြသနာတွေဖြစ်လာပြီး Postဖောင်းပွမှုဖြစ်ရင် တလရအတွက် ထိခိုက်လာနိုင်တာမလို့ Attkhayarနဲ့သက်ဆိုင်တဲ့ ဒီကဘဲ ပြောရခြင်းပါ။
အနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။
************************************************************************
************************************************************************
ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)Onde histórias criam vida. Descubra agora