💚Final💚Uni

551 23 0
                                    

အလင်း ဆေးရုံ အနောက်ဘက် တောင်ကမ်းပါးနားကို ရောက်တော့ ကမ်းပါးချောက်ဘက် မျက်နှာမူထားပြီး အလင်းဘက် ကျောခိုင်းထားသည့် ကျောပြင်တစ်ခု။
 
အလင်း မျက်ဝန်းအိမ်မှာ မျက်ရည်ကြည်လေးတွေ ရစ်ဝဲလာသည်။ အရင်ကထက် ပိုပြီး ပိန်သွားသည့် ကျောပြင်ငယ်က အလင်းနဲ့ ရင်းနှီးလွန်းတာထက်ပိုသည်။

အချိန်တွေအကြာကြီး ရှာနေခဲ့သူကို ရုတ်တရက်ပြန်တွေ့လိုက်ရတော့ လွမ်းဆွတ်တမ်းတခြင်းတွေ ရင်ထဲပြည့်သိပ်လာသည်။ အလင်း ဟန်မဆောင်နိုင်စွာ အရှေ့ကကျောပြင်ငယ်ဆီ ပြေးသွားပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်မိသည်။

မာန်တစ်ယောက် ရိုးမဘက်ကိုငေးမောနေရင်းက အနောက်က တင်းကြပ်စွာ ပွေ့ဖက်ခံလိုက်ရမှုကြောင့် အနောက်လှည့်ကြည့် လိုက်မိသည်။

"ဟင်......ငယ်!!!"

"အဟင့်........ကိုကို "

မာန် ကိုယ်ကို အနောက်လှည့်လိုက်တော့ မျက်ရည်တွေ ရွှဲနစ်နေသည့် ငယ်က မာန့်ရင်ခွင်ထဲရောက်လာလေသည်။
ကိုကိုဆိုတာလွဲလို့ မည်သည့်စကားမှ ထွက်မလာတော့သည့် ငယ့်ကို မာန်လည်းဘာမှမေးမနေတော့ဘဲ ရင်ခွင်ထဲ တင်းနေအောင် ဖက်ထားမိသည်။

နှစ်တွေအကြာကြီး ခွဲနေခဲ့ရတာမို့ လွမ်းတဲ့စိတ်ကြောင့် တစ်ယောက်ကိုတစ်ယောက် အချိန်အတော်ကြာတဲ့အထိ ပွေ့ဖက်ထားကြမိသည်။
ခဏနေတော့မှ ငယ်အသက်ရှုကြပ်မှားစိုး၍ ငယ့်ကို မာန်လွှတ်ပေးလိုက်သည်။ ထိုအခါမှ ငယ်ကမာန့်မျက်နှာကို မော့ကြည့်လာသည်။

"ဟင့် ကိုကို ပိန်သွားတယ်။"

"ဪ အလုပ်လုပ်နေတာလေငယ်ရယ်။ ဒီမှာက မြို့ကြီးတွေမှာလိုမှ မဟုတ်တာ ကိုယ်နည်းနည်းလေး ပင်ပန်းနေလို့ပါ။ "

"​ကြည့်ဦး အသားတွေလည်း နေလောင်ထားတာမှတ်လား အကွက်တွေတောင်ထနေပြီး။ မျက်ကွင်းတွေလည်း ​ညိုမဲနေတာဘဲ။ လူကလည်းလေတိုက်ရင်တောင် လဲတော့မည့်ပုံမျိူးနဲ့ ။ ကိုယ့်ကိုကိုယ် အဲ့ဒီလောက်ထိ ပစ်ထားပြီး ပေတေနေရလား။"

မာန် သူ့ကိုခေါင်းအစခြေအဆုံး စေ့စေ့စပ်စပ်ကြည့်ကာ တစ်ခုပြီးတစ်ခု မပြီးနိုင်အောင် ဝေဖန်ဆူပူနေသည့် ငယ့်ကို အသည်းယားလာသည်မို့ ငယ့်ပါးအိအိလေးတွေအား ဆွဲဖျစ် လိုက်မိသည်။

ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)Where stories live. Discover now