ဆုံးရှုံးမှုတွေက သိပ်တန်ဖိုးကြီးခဲ့လေတော့ ဒီရက်ပိုင်းတွေမှာ အလင်း ခံစားခဲ့ရတာ အလူးအလဲ။
ဘယ်လောက်ပင် စိတ်နာအောင်ကြိုးစားနေပါစေ။ ပြိုလဲကျချိန်တော့ အနွေးထွေးဆုံးနဲ့ အလိုအပ်ဆုံး ကိုကို့ရင်ခွင်ကိုသာ အလင်းတောင့်တမိသည်။ဘာအတွက်ကြောင့်များ အလင်းအချစ်ရဆုံးသူတွေက အလင်းဘဝထဲက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြတာလဲ။ ပထမဦးဆုံး အလင်းရဲ့ အဖေနဲ့အမေ အလင်းသိတက်စ အရွယ်ကတည်းက အလင်းကို အဘိုးဆီ မှာထားပစ်ခဲ့ကြပြီး ထွက်သွားကြတာ ပြန်ကို မလာတော့။ ဒုတိယက ကိုကို ။ အခုတော့ အဘိုး။
အဘိုးကတော့ အလင်းနဲ့ ဘယ်တော့မှပြန်မဆုံနိုင်တဲ့လမ်းကို ရွေးသွားခဲ့သည်။ အလင်းအဘိုးကို ဘယ်တော့မှ ပြန်မြင်ရတော့မှာ မဟုတ်။ အဲ့ဒါဆို ကိုကို ကရော။ အလင်းတားနေတဲ့ကြားက အလင်းဆီက ထွက်သွားခဲ့တဲ့ ကိုကို့ကိုရော အလင်းဒီတသက်ပြန်တွေ့ရဖို့ အခွင့််အရေး ရှိပါသေးရဲ့လား။
"သား......အလင်း....အရှေ့မှာ ဆရာချမ်းမြေ့လျှံ ရောက်နေတယ်။ သွားဧည့်ခံလိုက်ပါဦး သားရယ် "
အလင်း တစ်ယောက်တည်းအတွေးလွန်နေတုန်း အနားကပ်ပြောလာတဲ့ တီငယ့်အသံကြောင့် ရှုပ်ရှက်ခက်နေတဲ့ လူအုပ်ကြားက စားပွဲဝိုင်းလေးမှာ ထိုင်နေသည့် ဆရာချမ်းမြေ့လျှံ ကို အလင်းလှမ်းကြည့်လိုက်သည်။
အဘိုးရက်လည်နေ့မလို့ ရောက်လာသည်ထင်သည်။ ရှပ်အင်္ကျီစတစ်ကော်လံ လက်ရှည်အဖြူကြောင့် ရှိရင်စွဲ ခန့်ညားသည့် ဆရာ့ရုပ်သွင်က ရှင်းသန့်နေသည်။ အလင်း ထိုဆရာကိုကြည့်နေမိရင်း အားနာစိတ်ကလေးဝင်လာမိတာတော့အမှန်ပင်။
အလင်း နောက်မှသိခဲ့ရတဲ့အကြောင်းအရာတွေကြောင့် အလင်းရဲ့ တဇွက်ထိုး လုပ်ရပ်တွေက ထိုလူ့အပေါ် အနိုင်ကျင့်ရာကျ သွားမှန်းသိခဲ့ရသည်။
တကယ်တော့ ဆရာချမ်းမြေ့ဟာ စိတ်ကောင်းနှလုံးကောင်းရှိပြီး သမားတစ်ယောက်ရဲ့ ဂုဏ်အပြည့်ရှိတဲ့ စေတနာ့ဆရာဝန် တစ်ဦးပါ။
ဆရာဝန်ကြီး နှင့် လက်ထောက်ဆရာဝန် နှစ်ဦးသားရှိတဲ့ နယ်ဆေးရုံလေးမှာ လက်ထောက်ဆရာဝန်အနေနဲ့ တာဝန်ကျခဲ့ပေမယ့် ငွေနောက်လိုက်ပြီး အပြင်ဆေးခန်းမှာသာ အနေများတဲ့ အသပြာဆရာဝန်ကြီးကြောင့် ဆေးရုံမှာ သူတစ်ယောက်တည်း မနိုင်ဝန်ထမ်းနေရတာကိုတောင် တစ်ချက်မှ ညည်းညူခဲ့သူမဟုတ်ပေ။
YOU ARE READING
ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)
General Fictionအလုပ်တွေ၊လူနာတွေ နဲ့သာ အချိန်ကုန်နေပြီး ချစ်သူအတွက် အချိန်မပေးနိုင်ခဲ့သည့် စေတနာဆရာဝန်လေးတစ်ယောက်နဲ့ တဇွက်ထိုးဆန်ပြီး ဒေါသကြီးသည့် သူ့ရဲ့ချစ်သူကောင်လေး တို့နှစ်ယောက် အကြောင်း ပြောပြမယ်နော် 💚9 . 8. 2022💚 အပိုင်း ၆ ပိုင်းသာ ပါတဲ့ Short Storyလေးဆိုပ...