💚Part 5💚Uni

378 21 0
                                    

တစ်နေတာကုန်ဆုံးလို့ ညနေခင်း နေဝင်ပေတော့မည်။ ရခိုင်ရိုးမတောင်ဆွယ်တွေဘက် တဖြည်းဖြည်းနှင့် နစ်ဝင်ပျောက်ကွယ်တော့မည့် နေလုံးကြီးကို ငေးကြည့်နေသည့် လူရွယ်တစ်ယောက်။

တောင်ဆွယ် အစွန်းထိပ်မှာရပ်နေသည့် ထိုလူရွယ်ဟာ မြင့်မားတောင့်တင်းနေပြီး ကြည့်ကောင်းလှသည့် ခပ်ဖြောင့်ဖြောင့် ကိုယ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားသည်။ ထိုအပြင် လေးထောင့် ဆန်သည့် မေးရိုးထင်းထင်း ၊ သေသပ်ပါးလျသည့် နှုတ်ခမ်းပါးပါး၊ ဖြောင့်စင်းနေသည်မဆိုသာ အဖျားဘက်တွင် ခပ်ချွန်ချွန်အနေအထားရှိသည့် နှာတံတစ်ခုကိုပိုင်ဆိုင်ထားပြီး မကျဥ်းလွန်းမကျယ်လွန်းသည့် သာမန်အနေအထားနှင့် ဆွဲဆောင်မှုရှိသည့် မျက်ဝန်းတွေးကို ပိုင်ဆိုင်ထားပြန်ပါသည်။

အနောက်ဘက်သို့ တိုးဝင်းလုလု ညနေစောင်းနေရောင်ကြောင့် ထိုလူရွယ်၏ အညိုဘက်သို့ပြောင်းလုလု ဝါစိမ့်စိမ့်အသားရည်ဟာ နီစွေးနေလေသည်။ အားလုံးကို ခြုံငုံပြီးပြောလျှင် ထိုလူရွယ်ဟာ အလွန်ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းလွန်းသည်လူတစ်ယောက်ပင်။

မာန်တစ်ယောက် ရခိုင်ရိုးမတောင်တန်း၏ ဆည်းဆာအလှကို ခံစားရင်း အတွေးပင်လယ်ဝေနေမိသည်။ လွမ်းမောစရာမြင်ကွင်းကိုငေးရင် အလွမ်းဓာတ်ခံရှိသူ ပီပီ တစ်ယောက်သော သူကို လွမ်းဆွတ်နေမိတာတော့ အမှန်ပင်။

ဘာလိုလိုနှင့် မာန်ဒီကိုရောက်နေတာပင် ၂နှစ်ပြည့်တော့မည်။ လူနေမှုက ခက်ခဲလွန်းလို့ ဘယ်သူမှမလာချင်သည့် ဒေသမို့ ဆေးရုံဟုမခေါ်သာသည့် တိုက်နယ်ဆေးရုံတွင် ဆရာဝန်ဆိုလို့ သူတစ်ယောက်သာရှိသည်။
ကျန်တာတွေက ကျန်းမာရေးမှူးနှင့် သူနာပြုတစ်ယောက်နှစ်ယောက်သာ ရှိသည်မလို့ လွှတ်ထားခဲ့၍လည်း မဖြစ်တာကြောင့် ငယ့်ကို လွမ်းတာတောင် မာန်မပြန်ဖြစ်ခဲ့ပါ။

လာခါနီး သူ့မျက်နှာကို မမြင်ချင်တော့လောက်အောင် သူ့ကိုစိတ်ဆိုးနေခဲ့သည့် ငယ်ရော အဆင်ပြေပါလေစ။ ငယ်က ကိုယ့်ကိုကိုယ် ဂရုတစိုက်ရှိတက်သည့် သူ မဟုတ်လေတော့ အနားမှာ မာန်သာ မရှိရင် ဖျားများနေမလား။ တွေးပူမိပြန်သည်။

ကိုယ့်လက်တွဲဖော်လေး(Uni + Zaw)(Complete)Where stories live. Discover now