Part...1

849 37 42
                                    

For Unicode

တစ်ခန်းလုံးကို ဆူဆူညံ့နေစေသည့် Alarmသံကြောင့် ထယ်ယောင်းပြန်ပင်မအိပ်နိုင်ဘဲ အိပ်ယာထခဲ့ရသည်။အခန်းကျဉ်းလေးရဲ့ ပြတင်းပေါက်မှ အပြင်ဘက်သို့ မျှော်လင့်ကြည့်ပါလျှင် နေရောင်ခြည်ခပ်စူးစူးကို မြင်တွေ့ရတာကြောင့် မျက်စိကျိန်းသည်။

"(၁၁)နာရီနေက အတော်ပြင်းတာပဲ...အား ညောင်းလိုက်တာ"

ခါးကြောဆန့်ရင်း ပါးစပ်ကလည်း သန်းဝေနေမိသည်။မနေ့ညက လိုင်းပေါ်ကအသိအစ်မနဲ့ စကားပြောနေရင်း ညနက်သွားတာပဲ။ကြည်နူးစရာလေးတွေကိုသတိရလိုက်တော့ နှုတ်ခမ်းပါးက ပြုံးတုံ့တုံ့။

"အာရီးဂူး...အခုမှလန်းသွားတာပဲ"

မျက်နှာသစ်ပြီးနောက် လက်ဖဝါးခွက်ကလေးနဲ့ ရေကိုခပ်ကာ ဂုတ်ပိုးကို ခပ်ဆတ်ဆတ်ရိုက်လိုက်တော့ ခံစားရတဲ့အေးမြမှုနဲ့ လန်းဆန်းမှုက တကယ်ကို အမိုက်စားပင်။

အခန်းထဲက ထွက်လာချိန် မီးဖိုခန်းထဲက စားစရာတွေက အနံ့နဲ့သူ့ကိုလာဆွဲဆောင်နေသည်။ထိုကြောင့် နှာခေါင်းတရှုံ့ရှုံ့နဲ့ ထိုနေရာကိုသွားပြီး ဟင်းအိုးထဲက ကြက်သားတစ်ဖက်ကို နှိုက်မြည်းလိုက်၏။

"အရသာရှိလိုက်တာ"

"အဖေနဲ့အမေ နေ့လည်စာမစားကြသေးဘူးလား"

မိဘတွေကိုလိုက်ရှာရင်း ထယ်ယောင်းအော်မေးနေမိသည်။ခြံကကျယ်တာကြောင့် လွယ်လွယ်နဲ့ရှာမတွေ့။တွေ့ပြန်တော့လည်း ခြံထဲက ပန်းခြံကြီးထဲတွင် ပန်းပင်တွေကို ရေလောင်းပေါင်းသင်နေကြသည်။

"အဖေနဲ့အမေလို့ ... ကျွန်တော်ခေါ်နေတာကြာပြီ"

"ဪအေး သား ပြောပြော...ဘာလို့လဲ"

"ကျွန်တော်ဗိုက်ဆာပြီ...ထမင်းစားကြရအောင်"

ထယ်ယောင်းဗိုက်ကိုပွတ်ကာ ပျင်းတိပျင်းတွဲပြောတော့ မိဘတွေလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

"ဟုတ်ပြီသား ခဏစောင့်နော် အဖေ့လက်တွေ ခြေထောက်တွေ သဲတွေပေပြီး ညစ်ပတ်နေပြီ...ရေသွက်သွက်ချိုးပြီး ထွက်လာခဲ့မယ် ထမင်းစားခန်းက စောင့်နှင့်"

𝚆𝚎 𝙶𝚘𝚝 𝙼𝚊𝚛𝚛𝚒𝚎𝚍 < ʲᵉᵒⁿ+ᵏⁱᵐ >Where stories live. Discover now