For Unicode
အဟမ်း...အဟမ်း
"အား Shit..."
အနောက်ဘက်ဆီမှ ထွက်ပေါ်လာသည့် ချောင်းဟန့်သံကြောင့် ထယ်ယောင်းမှာ သူခိုးလူမိသည့်အလား အယောင်ယောင်အမှားမှားဖြစ်သွားရသည်။
လန့်ဖြတ်ကာ ဟန်ချက်ပျက်၍ နှင်းဆီခင်းပေါ်သို့ လက်ထောက်လျှက် လေးဘက်ထောက်လဲကျသွားတော့ ဒေါသလေးကထောင်းခနဲ။
"အဲ့တာဘာလုပ်နေတာလဲ"
"နှင်းဆီတစ်ပွင့်လောက် လာခူးတာလေ"
လက်ဖဝါးနှစ်ဖက်အား ရိုက်ခတ်ကာ ပေကျံသွားသည့် ရွံ့တွေသဲတွေကိုခါထုတ်ရင်း ထယ်ယောင်းထစ်အအပြောလိုက်သည်။
ထယ်ယောင်းဘေးက တစ်ပွင့်မကသည့် နှင်းဆီပန်းတွေကို ကြည့်ရင်း ဂျောင်ကုနှုတ်ခမ်းတွန့်ကာပြုံးတော့ ထယ်ယောင်းကခံပြင်းပြန်၏။
"နေပါစေတော့ မင်းပဲယူလိုက်...ငါမယူတော့ဘူး"
"ငါကဘာလုပ်ရမှာလဲ... လိုချင်လို့လာခူးပြီးမှ ဘာတွေမာနကြီးပြနေတာလည်း မင်းဟာမင်းယူသွား...မျက်စိထဲရှုပ်လို့"
"မင်း..."
"ဟိုကောင်လေး မင်းအဖေရော..."
ထယ်ယောင်းခွန်းတုံ့ပြန်မည်အလုပ်မှာပဲ အိမ်ကြီးရှင် သခင်မဟာ သူ့ဆီသို့တန်းတန်းမတ်မတ်ရောက်လာတာကြောင့်
ပါးစပ်ပိတ်လိုက်ရ၏။ ထိုးပြီးသားလက်ညှိုးလေးတောင် ကွေးဝင်သွားသည့်အလား။"မသိဘူးဗျ..."
"ဒါဆို မင်းအမေကရော...ငါဘယ်သူ့ကိုမှမတွေ့လို့ လိုက်ရှာနေတာ"
"ကျွန်တော်မသိဘူး...အဒေါ်...အာ မမကြီး"
အခေါ်အေဝါ်ကိုရွေးချယ်ရင်း ထယ်ယောင်းစကားတို့က တုံ့ဆိုင်းသွားရသေးသည်။ သခင်မဂျွန်ကတော့ ဘာမေးမေးအဖြေမရဖြစ်နေတော့ မျက်မှောင်ကြုတ်ချင်နေလေပြီ။
"ဒါဆို မင်းပဲခဏလောက် လာကူလိုက်ပါကွယ်...သားလည်းလာလေ ဒီမှာဘာရပ်လုပ်နေတာလဲ။ ပန်းလာခူးတာလား...ဘယ်သူ့ကိုပေးမလို့လဲ မှန်မှန်ပြော"
ဂျောင်ကုလက်ကို အမေဖြစ်သူကချိတ်တွဲကာ ရှေ့မှ သားအမိနှစ်ယောက်ဦးဆောင်သွားနေကြပြီး ထယ်ယောင်းကတော့ သူတို့ရဲ့နောက်မှ လိုက်ပါလျှက်။
YOU ARE READING
𝚆𝚎 𝙶𝚘𝚝 𝙼𝚊𝚛𝚛𝚒𝚎𝚍 < ʲᵉᵒⁿ+ᵏⁱᵐ >
Romance"ကျွန်တော်တို့ လက်ထပ်ကြမယ်" TaeKook ❦︎ Romance ❣︎ Started date-30.12.2022