Part...7

221 17 36
                                    

For Unicode

ဆော့ဂျင် ညီနှစ်ယောက်ရဲ့ ကောင်းမှုနဲ့ ဒရိုင်ဘာကြီးလုံးလုံးဖြစ်နေရသည်။
တစ်ဖက်က ကျောင်းသားလေးရဲ့အိမ်ကို သွားခေါ်ပေးဖို့ပြောတာကြောင့် ဝင်ခေါ်ပေးရသည်။အဲ့တာက သိပ်တော့ကိစ္စမရှိသေးပါ။

"ကျွန်တော်ရောက်ပြီနော် လူကြီး ဟီးဟီး"

အနောက်ခန်းက ဟိုဆော့ဘေးမှာ ဝင်ထိုင်ရင်း ပျာရိပျာယာဖြစ်နေသည့် ကောင်လေးက နမ်ဂျွန်းတစ်ယောက်ကိုသာ ကွက်ပြီး နှုတ်ဆက်ရင်း သူတို့ကို အသိအမှတ်ပြုရုံ ပြုံးပြသည်။

"ဟိုလေ...ကျွန်တော့်သူငယ်ချင်းကိုလည်း ဝင်ခေါ်ရမယ်ထင်တယ်..."

"ဟမ်...ဘာလို့ထပ်ပြီးလဲ"

ချာတိတ်လေးရဲ့ ထိုစကားကို အစ်ကိုဆော့ဂျင်က အလိုမကျစွာအမေးထုတ်တော့ နမ်ဂျွန်း အားနာစွာနဲ့ တစ်ချက်ကြည့်လိုက်မိသည်။ သို့သော် ဟိုကလေးကတော့ သူ့မပြောသလို ခပ်ပြုံးပြုံးသာ။

"သူ့ကားမလို့ပါဗျ"

"ဟမ်..."

ဒီတစ်ခါတော့ သုံးယောက်လုံးထံမှ အသံပေါင်းစုံထွက်လာသည်။

ကားပိုင်ရှင်လည်းမဟုတ်ဘဲ ဒီချာတိတ်က ဘာလို့ဒီလောက်တက်ကြွနေသလဲ။

အိမ်မှာအေးဆေးနားချင်ရက်နဲ့ သူတို့ဇွတ်ခေါ်လို့ပါလာရတဲ့ အစ်ကိုကြီးကတော့ မျက်နှာကြီးတည်နေလေပြီ။
ဟိုဆော့ကတော့ မှိုရထားသလိုမျက်နှာကို ဝင်းလို့ပလို့။

"ဘာလို့လဲဟင်..."

မျက်နှာငယ်လေးနဲ့ ဂျီမင်းမေးလိုက်တော့ ဘေးက အစ်ကိုကြီးက ဂျီမင်းကို ပြုံးပြပြီး  ဘာမှမဖြစ်ကြောင်းပြောသည်။

"ကဲပြော ကောင်လေး...မင်းသူငယ်ချင်းအိမ်က ဘယ်ရပ်ကွက်မှာလဲ"

ကားမောင်းတဲ့ တစ်ယောက်က နည်းနည်းတော့ ကြောက်ဖို့ကောင်းသည်။ ဂျီမင်းအဲ့အစ်ကိုကို သိပ်မကြိုက်။

ယွန်းဂီအိမ်ကို လမ်းညွှန်ပြောနေသည့် ဂျီမင်းရဲ့အသံတဆာဆာက တိတ်ဆိတ်နေသည့် ကားထဲမှာ လွှမ်းနေ၏။

ဆော့ဂျင်က တိတ်တိတ်ဆိတ်ဆိတ်ကားမောင်းနေသလို၊နမ်ဂျွန်းကလည်း ငြိမ်ငြိမ်လေး ဖုန်းကိုင်နေသည်။ ကားရဲ့ဘေးဘယ်သာကိုကြည့်ရင်း တက်တက်ကြွကြွ လိုက်ပါလာတဲ့ ဟိုဆော့အပြင် အသံပါတညံညံထွက်နေခဲ့သူက ဂျီမင်း။ဒါပေမဲ့ နောက်တော့လည်း သူ့ဟာသူ ငြိမ်သွားရှာသည်။

𝚆𝚎 𝙶𝚘𝚝 𝙼𝚊𝚛𝚛𝚒𝚎𝚍 < ʲᵉᵒⁿ+ᵏⁱᵐ >Where stories live. Discover now