Part...3

202 20 33
                                    

For Unicode

"ဦးလေးကင်မ်"

နာမည်ခေါ်ရင်း အိမ်သေးလေးထဲ ခြေချလိုက်ရုံသာရှိသေးသည်။အိမ်ပေါက်ဝကနေ တန်းတန်းမတ်မတ်မြင်နေရသော ထမင်းစားဝိုင်းမှ မြောက်ကြွကြွလေး၏ ခပ်စူးစူးအကြည့်နဲ့ဆုံ၏။

"အစ်ကိုလေး...ဝင်ပါဦး အဒေါ်တို့ ခဏနေရင်ပဲ လာမေးတော့မလို့...အစ်ကိုလေးအခုဆာပြီဆိုရင် အဒေါ်အခုပို့ပေးမယ်လေ"

အမေ့ရဲ့ ရိုရိုကျိုးကျိုးစကားသံတွေကြောင့် ထယ်ယောင်းစိတ်တို့ ပိုမိုနောက်ကျိလာရသဖြင့် မျက်စိရှေ့ပန်းကန်ထဲက ထမင်းတွေအား တူဖြင့်ထိုးဖွရင်း မျက်မှောင်ကြုံနေမိသည်။

"အဒေါ်ကြီးတို့က ညစာစားနေကြပြီလား..."

"ဟုတ်တယ် အစ်ကိုလေး...စားသွားပါဦး"

"ဟုတ်ပြီ ကျွန်တော့်ကိုလည်း တစ်ပန်ကန်ပေးပါ အဒေါ်ကြီး"

ကင်မ်ယူမင်ရဲ့ ဧည့်ခံစကားကို အတည်ယူလို့ ဂျောင်ကုထမင်းစားပွဲမှာ နေရာယူလိုက်သည့်အချိန်တွင် ထယ်ယောင်းတို့တစ်မိသားစုလုံး ပြူးတူးပျာတာဖြစ်ကုန်ကြသည်။

ထိုင်ခုံပေါ်ထိုင်ပြီးနောက် ခေါင်းမော့လိုက်ချိန်တွင် မြင်လိုက်ရသည့် ပုံတူထုထားသကဲ့သို့ အကြည့်သုံးစုံကြောင့် ဂျောင်ကု ခါးပင်မတ်သွားရ၏။
သူတစ်ခုခုအမှားလုပ်လိုက်လို့လား။

"ဘာဖြစ်လို့လဲ"

ထိုသို့ပြောလိုက်ကာမှ အလျှိုလျှိုအကြည့်လွှဲကာ လုပ်စရာရှိတာလုပ်ကြတော့သည်။

"ကျွန်တော်ဝပြီအဖေ"

အစ်ကိုလေးဆိုသူနှင့် ထမင်းအတူမစားချင်တာကြောင့် ထယ်ယောင်းစားပွဲကထလိုက်သည်။

"ဘာမှမစားရသေးဘဲ...ဘာဝတာလဲ။မဆိုးစမ်းနဲ့ သား"

စိတ်ပူစိတ်နဲ့ စိတ်တိုစိတ်ရောကာ ကင်မ်ယူမင်ဆူလိုက်မိသော်လည်း ထယ်ယောင်းကတော့ သူ့ကိုသူစိမ်းရှေ့အော်ပါတယ်လို့ သတ်မှတ်ကာ မျက်နှာတစ်ပြင်လုံးပင် နီမြန်းလာရသည်။

ဒီကောင့်ရှေ့မှာ သူအရှက်ကွဲရတာ တစ်ကြိမ်မကတော့ဘူး။

"ကျစ်..."

𝚆𝚎 𝙶𝚘𝚝 𝙼𝚊𝚛𝚛𝚒𝚎𝚍 < ʲᵉᵒⁿ+ᵏⁱᵐ >Where stories live. Discover now