Part...6

180 23 49
                                    

For Unicode

အိမ်ကိုလိုက်လာမယ်ပြောပြီး ပေါ်မလာတဲ့ သူငယ်ချင်းနှစ်ယောက်ကြောင့် ဂျောင်ကုစိတ်ပူပြီး ဖုန်းတဂွမ်ဂွမ်ဆက်နေရသည်။

ဂျီမင်းရဲ့ 'Car accidentဖြစ်လို့' ဆိုတဲ့ စကားကြောင့် စိတ်ပူပြီးလိုက်လာမယ်ပြင်ပေမဲ့ သိပ်တော့မယုံချင်။

ပျားသကာတောင်အရှုံးပေးရလောက်အောင် ချိုမြနေတဲ့ သူ့အသံက Car accidentဖြစ်ထားတာမဟုတ်ဘဲ ကားတစ်စီးကောက်ရထားတာနဲ့တောင်တူသေး၏။

ထို့ကြောင့် ဂျီမင်းကအဆင်ပြေကြောင်းပြောတဲ့အခါ ဂျောင်ကု အင်တင်တင်နဲ့သာလက်ခံလိုက်ရသည်။ စိတ်ပူပေမဲ့ မယုံပါ။

ဒီနေ့ ညစာစားပွဲတစ်ခုရှိလို့ အဖေကပြန်မလာဖြစ်လောက်။အမေကတော့ ညနေလောက်ကျရင် အဖေ့ဆီလိုက်သွားလောက်သည်။

ဒီတော့ ဂျောင်ကုတစ်ယောက်တည်း အိမ်မှာကျန်ခဲ့မယ့်ပုံပင်။ ဒီအိမ်မှာ နေသားကျစပြုလာပြီဖြစ်လို့ သိပ်တော့ ကိစ္စမရှိပါ။

ကုတင်ပေါ်မှာ ဂိမ်းထိုင်ဆော့နေလိုက်တာ ဘယ်လောက်တောင်ကြာသွားလဲ သူမသိ။
အမေလာပြီး နှုတ်ဆက်မှပင် နာရီကိုကြည့်မိတော့သည်။ ခြောက်နာရီတောင် ထိုးပြီပဲ။

"အမယ်...ကျွန်တော့်အစ်မကြီးက ဒီလိုပြင်လိုက်တော့လည်း ဆယ်ကျော်သက်လေးလိုပါလား"

ခပ်နောက်နောက်ပြောလိုက်တော့ အမေကရယ်ကာ သူ့ကိုမုန့်ဖိုးတောင်ပေးသွားသေးသည်။

အဖေလွှတ်လိုက်တဲ့ ဒရိုင်ဘာနဲ့အတူ ပါတီကိုထွက်သွားတဲ့ အ​ေမဖြစ်သူအား ဂျောင်ကု လက်ပြနှုတ်ဆက်လိုက်သည်။

ဟင်းတွေချက်ထားခဲ့ကြောင်းပြောသော်ငြား ဒီနေ့သူ ထမင်းမစားချင်။ ဘာစားရင်ကောင်းမလဲစဉ်းစားတော့ ပင်လယ်စာခေါက်ဆွဲ စပ်စပ်လေးကိုစားချင်လာသည်။

ဆိုင်တစ်ခုခုမှ မှာစားဖို့ ဖုန်းကောက်ကိုင်ပြီးကာမှ အဒေါ်ကြီးကင်မ်များချက်တတ်လောက်မလားလို့ တွေးမိတာကြောင့် အစီအစဉ်ပြောင်းလိုက်တော့၏။

"အဒေါ်ကြီး...ဦးလေးကင်မ်နဲ့အဒေါ်ကြီး"

နာမည်အော်ပြီးခေါ်တော့လည်း တစ်ယောက်မှပေါ်မလာတာကြောင့် အိမ်သေးလေးဘက်ကို မသွားချင်သွားချင်နဲ့ သွားရပြန်လေပြီ။

𝚆𝚎 𝙶𝚘𝚝 𝙼𝚊𝚛𝚛𝚒𝚎𝚍 < ʲᵉᵒⁿ+ᵏⁱᵐ >Where stories live. Discover now