Part...2

249 23 34
                                    

For Unicode

"ထယ်ယောင်း သား လာဦး"

အင်တာနက်သုံးပြီးနောက် ညောင်းညာလာသဖြင့် ထယ်ယောင်း ခြံထဲလမ်းလျှောက်ဖို့ အိမ်လေးထဲက ထွက်လာခဲ့တော့ အမေက လှမ်းခေါ်သည်။

"ဗျာ..."

လေးတိလေးကန်ထူးလိုက်တော့ အမေက စိတ်မရှည်လို ကြည့်နေပေမဲ့ အပြစ်တော့မပြော။

"အမေတို့ စံအိမ်ကြီးကို သေချာသန့်ရှင်းရေးလုပ်နေတာတွေ့တယ်မလား"

ထယ်ယောင်း မျက်ခုံးလှုပ်ချင်လာသည်။ထိုနေရာက လစ်ထွက်ဖို့ အကြောင်းပြချက်တစ်စီတတန်းက ဦးနှောက်ထဲရောက်နှင့်နေပြီ။

"အဲ့တာ..."

"အာ မေ့နေတာ ကျောင်းက အိမ်စာပေးလိုက်တာကို မလုပ်ရသေးဘူး...သွားလုပ်မှပဲ။ခဏနော် အမေ"

ထယ်ယောင်း ပိတ်ပြောကာ မသိမသာလေး ခြေလှမ်းနောက်ဆုတ်ရင်း ဦးတည်ရာပြောင်းလိုက်သည်။

"ဟဲ့ဟဲ့ နေဦးလေ... ပြောစရာရှိတာ တစ်ခါတည်းပြောမလို့ ဪ ဒီသားတစ်ယောက်နဲ့ကတော့"

ချက်ချင်းလက်ငင်း စာကြိုးစားသွားတဲ့ သားဖြစ်သူအကြောင်း သူ(မ)အတတ်သိသည်။အလိုလိုက်လွန်းလို့ အချောင်ခိုတတ်တဲ့လူ ဖြစ်လွန်းနေပြီ။အခုကလည်း သူ(မ) သားကို ခိုင်းဖို့ ခေါ်တာမျိုးမဟုတ်။သတိပေးစရာရှိလို့သာ။
အခုတော့ သားက အိမ်ထဲတောင် ရောက်သွားလောက်ပြီ။

"တကယ်ပါပဲ"

တကုပ်ကုပ် တလှုပ်လှုပ်နဲ့ အလုပ်ရှုပ်နေသည့် မိဘတွေကို ထယ်ယောင်း အခန်းထဲကလှမ်းကြည့်နေသည်။

အချိန်တိုင်း သန့်ရှင်းရေးဆိုတာချည်းလုပ်နေကြတာ မပျင်းဘူးလားမသိ။ထယ်ယောင်းကတော့ အိမ်အလုပ်ဆို သိပ်ပျင်းသည်။ထို့အတူ ကျောင်းစာမှာလည်း မထူးချွန်။

သို့သော် အိမ်စာတွေ၊ကျက်စာတွေတော့ ပုံမှန်လုပ်သည်။ကျောင်းမှာ အရှက်ကွဲရတာမျိုးက ထယ်ယောင်းမဖြစ်ချင်ဆုံးအရာ။

ပျင်းစရာကောင်းတဲ့ နေ့ရက်တွေက ဆက်လာသည်။ဒီနေရာမှာ ပြောင်းနေကတည်းက နေ့တိုင်းနေ့တိုင်း သူတို့ဟာ သံပတ်ပေးထားတဲ့ အရုပ်တွေအလားဖြစ်နေသည်။

𝚆𝚎 𝙶𝚘𝚝 𝙼𝚊𝚛𝚛𝚒𝚎𝚍 < ʲᵉᵒⁿ+ᵏⁱᵐ >Where stories live. Discover now