ညက ဘယ်လောက် သောက်လိုက်မိလဲမသိ မနက်နိုးတော့ခေါင်းတွေကိုက်လိုက်တာများ မျက်လုံးတောင် မနည်းဖွင့်ယူရသည်။ တစ်ညလုံးအိပ်ခဲ့တဲ့ အိပ်ရာလေးက လှုပ်လို့ကိုမရအောင်ကိုသေးတာမလို့ တစ်ညလုံး ပုံစံတစ်မျိုးထဲနဲ့ အိပ်ခဲ့တယ်ထင်ပ ... လူတစ်ကိုယ်လုံးလဲကိုက်ခဲနာကျင်လို့။
"အား......."
နေမင်းမဟာ တစ်ယောက် ပြတင်းတံခါးများပိတ်ထားလို့ ခပ်မှောင်မှောင်ဖြစ်နေတဲ့ အခန်းထဲက ကုတင်သေးလေးပေါ်မှာလှုပ်လို့ရသလောက် လှုပ်ရှားညည်းညူနေရင်း မနည်းအားယူပြီးဖွင့်နေရတဲ့ မျက်လုံးနှစ်ဖက်ကို လက်ချောင်းများဖြင့် ပွတ်သပ်ကာ ဘေးဘီကြည့်လိုက်တော့(ဟင်...)
ရုတ်တရက် သူ့ညာဘက်လက်ပေါ်မှာတွေ့လိုက်ရတာကအမျိုးသမီးတစ်ယောက်.... အမျိုးသမီးဆိုတာထက်အမျိုးသမီးငယ်တစ်ဦးဆိုလျှင်ပိုမှန်မည်။ အိပ်နေတာများ နှစ်နှစ်ခြိုက်ခြိုက်... သူဒီလောက် လှုပ်ရှား ညည်းညူနေတာတောင် နိုးသည့်ပုံမပေါ်။ သူမ နိုးတာ မနိုးတာနောက်ထားဦးတော့ ဘယ်ကနေဘယ်လို ဒီမိန်းကလေး သူ့အခန်းထဲရောက်နေလဲ စဥ်းစားလို့မရတာကပြဿနာ။ ညက သူတို့သူငယ်ချင်းတွေစုပြီးအလှူလာလုပ်တဲ့ မိဘမဲ့ဂေဟာက တိုက်တဲ့ခေါင်ရည်ဆိုတာသောက်ပီး ခရီးပန်းလာတာရော သောက်နေကျမဟုတ်တဲ့ခေါင်ရည်ဆိုတာရောကြောင့် သူတော်တော်မူးသွားတာထိတော့ သေချာမှတ်မိတယ်။ ပြီးတော့ .... ပြီးတော့ သူ အပေါ့သွားချင်လာတာနဲ့ သူတို့တည်းဖို့ပေးထားတဲ့ အခန်းလေးဆီပြန်လာတယ်။ ကိစ္စဝိတ်စရှင်းပြီး ချာချာလည်အောင်မူးနေတာမလို့ အိပ်ရာထဲ ခနဆိုပြီး ဝင်လှဲလိုက်တာ ခုမနက်မိုးလင်းသည်အထိပဲ။ ဘယ်လောက်ပဲ ဖြစ်ညှစ်ပြီးစဉ်းစားစဉ်းစား သူ့ဘေးကအိပ်နေတဲ့ မိန်းကလေးအကြောင်းကတော့ ပါမလာခဲ့ .... သာမန်အရက်တွေအမြဲသောက်နေကျမဟုတ်ပေမယ့် တကယ်တမ်းသောက်ရင်အတော်များများကို ဟန်မပျက်တဲ့အထိသောက်နိုင်တဲ့သူက ညကခေါင်ရည်လေးနဲ့ကျမှ ဘယ်လိုမူးမှန်းမသိမူးသွားတာ ခု သူ့ဘေးကမိန်းကလေးက မိုးပေါ်ကကျလာသလား မြေကြီးထဲကပဲထွက်လာသလား ဘယ်က ဘယ်လို ရောက်လာမှန်းမသိ
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....