အခန်း (၆)

12.5K 401 22
                                    

တစ်နေကုန် မတ်တပ်ရပ်လာရတာမလို့ တာရာအတော့်ကိုပင်ပန်းပြီး အိပ်ရာထဲ အရမ်းကိုပစ်လှဲချင်နေပီ။ အလုပ်ကိုမခိုမကပ်လုပ်တတ်ပေမယ့်....ဒီလို တစ်နေကုန် မတ်တပ်ရပ်ရမည်လို့တော့ တကယ်မထင်ထားခဲ့...ရက်တွေကနေ လတွေကြာလာတော့ တကယ်ကိုသိသာလာသည်။ စားသောက်ဆိုင်မှာပဲ မတ်တပ်ရပ်ရတာမဟုတ်ဘဲ ညပိုင်း စတိုးဆိုင်အရောင်းဝန်ထမ်းအလုပ်မှာလဲ မတ်တပ်ရပ်ရသေးတာမလို့ ပြန်ရောက်ပြီဆိုရင် ခြေထောက်တွေဖောသွပ်နေရော။ အရမ်းပင်ပန်းလို့လဲ မညည်းညူရဲ....ကိုယ်မှမလုပ်ရင် ဘယ်သူမှကိုယ့်ကိုကြည့်မယ့်သူမှမရှိတာ။ ခုတော့ ရေအမြန်ချိုးကာ အိပ်ရာအမြန်ခင်းပီး လှဲမယ်အလုပ် အပြင်ဘက်ကနေ ရုတ်တရက် အခန်းတံခါးစောင့်ပိတ်သံအကျယ်​ကြီးကြားလိုက်ရတာကြောင့် လန့်ပြီး တာရာ တကိုယ်လုံးတုန်တောင်သွားသည်။ မကြာပါဘူး တာရာနေတဲ့ အဝတ်လဲခန်းတံခါးကို ခပ်ကြမ်းကြမ်းခေါက်သံကြားလိုက်ရတာမလို့ အမြန်ပဲ အခန်းတံခါးပြေးဖွင့်လိုက်တော့ ထင်တဲ့တိုင်းပဲ ဒေါသထွက်နေတဲ့မျက်နှာနဲ့ ဟိုလူကြီး....
အခန်းထဲတော့ မဝင်ဘဲ တံခါးဝကနေပဲ တာရာ့လက်မောင်းကနေဆွဲပီး အခန်းအပြင်ကိုဆွဲခေါ်လာတယ်။ အခန်းအပြင်လို့သာဆိုတာ သူ့အခန်းထဲပါပဲ။

"အာ့ ဦးမဟာ...."

"ငါ့ကို မဟာလို့မခေါ်နဲ့"

သူ့နာမည်က မဟာမလို့ရော သူ့ကို သူမသိသမျှလူတိုင်းက မဟာလို့ခေါ်တာမလို့ရော တာရာလဲ ကိုယ့်ထက်အသက်ကြီးတာ သိသည်နှင့် ဦး တပ်ပြီးဦးမဟာလို့ခေါ်လိုက်တာကို အရမ်းတွေအထိမခံနိုင်နေတဲ့ပုံစံနဲ့ပြောနေတော့....တာရာ စိတ်ကိုလျှော့ သက်ပြင်းတိုးတိုးလေးချပြီး

"ဟုတ်ပြီ ဟုတ်ပြီ မခေါ်တော့ဘူး....ဒါမဲ့ ဦးနေမင်းမဟာ ရာရာ့လက်တွေနာနေပီ"

မဟာလို့ခေါ်တာမကြိုက်တာမလို့ နာမည်အပြည့်စုံပဲခေါ်လိုက်ရသည်။ ဒါမှမကြိုက်သေးလဲ သူမစိတ်ထဲခေါ်မိနေသလို ဟိုလူကြီးလို့ခေါ်ရုံပဲပေါ့။ တစ်ခါ​လေးတောင်မှ စကားပင်သေချာပြောဖူးတာမဟုတ်တော့ သူနဲ့ကိုယ်ကြာယ ဘယ်လိုခေါ်ဝေါ်သုံးစွဲရမှန်းလဲမသိ။ သူများတွေခေါ်သလို မဟာလို့များလိုက်ခေါ်မိလို့ကတော့ ဆွဲကိုင်ပေါက်ခံရနိုင်သည်။ တကယ်တမ်း အဲ့လိုခေါ်ဖို့ရာကလဲ အသက်က ကွာနေတယ်မလား....ဦးမဟာလို့ခေါ်တာမကြိုက်တော့ ဦးနေမင်းမဟာပေါ့။
သူမလက်ကို ခပ်ကြမ်းကြမ်းဆွဲလာရာမှ ဒေါသထွက်နေတဲ့ သူ့အားကြီးနဲ့ စောင့်ကာလွှတ်လိုက်တာမလို့ တာရာ့မှာ နောက်ကိုပင် လဲကျလုမတတ်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Tempat cerita menjadi hidup. Temukan sekarang