အရင်က တာရာအခြေချခဲ့တဲ့မြို့လေးက နယ်မြို့လေးဆိုတော့ အလုပ်ရှာရတာ အရမ်းကြီးအခက်ခဲမရှိခဲ့ပေမယ့် ခု တာရာရောက်နေတာ မြို့ကြီးပြကြီးမလို့ သူမလို မိဘမဲ့ဂေဟာကလူကို ဘယ်အလုပ်ရှင်ကမှ သဘောမကျ.... သူတို့အနေနဲ့လဲ ဘာရယ်ညာရယ် နောက်ကြောင်းမသိရတဲ့သူကို မခန့်ချင်တာလဲ အပြစ်မဟုတ်ပါဟုသာ တာရာ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နေရတာ စိတ်ထဲတော့အတော်ဝမ်းနည်းနေပီ။
တာရာ အရင်တုံးက နယ်မြို့သေးသေးလေးတစ်ခုမှာ နေရင်း အဲ့မြို့က ရုံးငယ်လေးတခုမှာ office staff ဝင်လုပ်ခဲ့သည်။ အလုပ်ပေါ် စေတနာထားတာတွေ ဖင်ပေါ့ပြီး ခိုင်းသမျှ မညီးညူဘဲ လုပ်တတ်တာတွေ သင်လွယ်တတ်လွယ်တာတွေကို သူဌေးကမြင်နေတာမလို့ စေတနာရောင်ပြန်ဟပ်တယ်ပြောရမလား..အလုပ်လုပ်ရင်း တက္ကသိုလ်ဆက်တက်ဖို့ သဘောတူတာမလို့ အရာအားလုံးအဆင်ပြေပြီး သူမဘဝပြောင်းလဲတော့မယ် သူမအိပ်မက်တွေ အကောင်ထည်ပေါ်တော့မယ်ထင်ခဲ့တာ။ ခုတော့ သူမလို အထက်တန်းကျောင်းသာပီးထားတဲ့သူအတွက် မြို့ကြီးမှာအလုပ်က အလွန်ရှားလွန်းလှသည်။
နေရာအစုံက ဘက်စ်ကားမှတ်တိုင်တွေ နံရံတွေပေါ်မှာကပ်ထားတဲ့ အလုပ်ခေါ်စာတွေကို သုံးမြှောင့်ရေညှိထမင်းထုတ်လေးစားရင်း ဖတ်လိုက်မှတ်လိုက် ဖုန်းအဟောင်းလေးနဲ့ ဓာတ်ပုံရိုက်လို့ရသမျှ ရိုက်သိမ်းလိုက်နဲ့...ကိုယ်နဲ့သင့်တော်တဲ့အလုပ်ရှာနေရသည်။ မနက်ကနေ ညနေအထိ ခြေတိုအောင်ကြိုးစားပန်းစားရှာလိုက်တော့ ကံကနည်းနည်းမျက်နှာသာပေးတယ်ဆိုရမလား ကြိုးစားသူကို နတ်ကောင်းနတ်မြတ်တွေက ပစ်မထားဘူးလို့ဆိုရမလား.... အဆင့်မြင့်မြင့် စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်ရသည်။ လစာကလဲ တစ်လကို 200000 လောက်ရမယ့်အပြင် နေ့လည်စာလဲကျွေးတယ်ဆိုတော့ အဆင်ပြေတာထက်ကိုလွန်သေး။ tips တွေဘာတွေရရင်လဲ ကိုယ်ယူခွင့်ရှိသေးသည်ဆိုတော့ ကိုယ်ကြိုးစားရင်ကြိုးစားသလောက်ကလဲ ရဦးမယ်....ဒီ့ထက်ကိုပိုကံကောင်းတယ်ပြောရမလား..... အဲ့စားသောက်ဆိုင်နဲ့ခပ်လှမ်းလှမ်းက 24 hours mart လေးမှာလဲ ညပိုင်းအတွက် အချိန်ပိုင်းအလုပ်လေးတစ်ခုထပ်ရလိုက်သေးသည်။
ဒီနေ့အတွက်တော့ တာရာ အတော့်ကို ကံကောင်းသည်ဟုယူဆလိုက်ရသည်။ မဟုတ်ရင် အလုပ်မရှိတဲ့သူမအတွက် မြို့ကြီးပြကြီးမှာ ရှေ့ဆက်ဘဝရပ်တည်ဖို့အတွက်ရင်လေးစရာ။ ကိုယ့်ကိုမကြည်ဖြူတဲ့ သူများအိမ်မှာ ဘယ်တော့နှင်ချခံရမလဲမသိတဲ့ဘဝနဲ့ ကျောတခင်းစာရရုံလေးနေရဦးမယ်။ ခုတော့ သူမ အလုပ်လုပ်ရပြီ.... ပိုက်ဆံစုမည်။ ဟိုအိမ်က ထွက်သွားတော့ဆိုတဲ့အချိန်တစ်ခုရောက်လာရင် သင့်တော်တဲ့အဆောင်လေးတစ်ခုလောက်ငှားနေနိုင်ဖို့ ငွေလိုသည်မလား။ ပြီးရင် တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားရဦးမည်။ ဟိုအိမ်ကနေ ဘယ်နေ့ကန်ထုတ်ခံရမလဲမသိတာမလို့ ကိုယ့်ဘဝနဲ့ကိုယ်အစထဲက ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပဲလို့ထင်သည်။
ဟိုလူ့အိမ်မှာ ကိုယ့်မကြည်ဖြူတာသိသိရက်နဲ့ ကပ်ပြီးစားချင်စိတ်လဲမရှိတာမလို့ မနက်စာအတွက်စားဖို့ ကွတ်ကီးလေးတွေ တစ်ခါတရံ ညပိုင်းစားဖို့ ခေါက်ဆွဲခြောက်လေးတွေရယ် နို့ဘူးလေးတွေရယ် ပြီးတော့ တစ်ကိုယ်ရည်သုံးလိုမယ်ထင်တာလေးတွေဝယ်ခြမ်းပီး ဟိုလူ့အိမ်ပြန်လာခဲ့သည်။
ESTÁS LEYENDO
အချစ်တွေအမုန်းတွေရဲ့ အလွန်.....