ကားကို ၈ နာရီကျော်အောင်စီးလာခဲ့ရတော့ တာရာအတော့်ကိုပင်ပန်းနေပီ။ မြို့ထဲဝင်လာတော့ မိုးမျှော်တိုက်ကြီးတွေကို မမြင်ဖူးသူ သူမအဖို့ ငေးမောကြည့်ရတာ အလုပ်တစ်ခု။ အော်..... သူမဂေဟာကနေ နယ်မြို့လေးကိုတက်ပြီး အလုပ်လုပ်တုံးက လူနေမှုချင်း ကွာခြားလှပီထင်နေခဲ့တာ ဒီမြို့ကြီးကိုရောက်တော့မှ သူမနေခဲ့တဲ့မြို့က ဘာမှ မဟုတ်သေးပါလားဆိုတာ သိရတော့သည်။
တစ်လမ်းလုံး သူမကို အဖတ်လုပ်ပြီးစကားတစ်ခွန်းတစ်လေမှမပြောခဲ့တဲ့ ဟိုလူကတော့ တကယ်နေနိုင်လွန်းသည်။ လမ်းမှာ အပေါ့အပါးသွားဖို့ကားရပ်ပြီး ခနနားတာတောင် သူမမှာ ကားဆီပြန်မရောက်မချင်း သူမကို ချန်ထားခဲ့လေမလားဆိုပြီး ရတတ်မအေးခဲ့ရ။ လမ်းတွေ တံတားတွေ တိုက်တွေအများကြီးကိုဖြတ်ကျော်ပြီး အတန်ကြာတော့ ခုနကလမ်းမှာတွေ့ခဲ့သလို တိုက်အမြင့်ကြီးတွေမရှိတော့ဘဲ ၂ ထပ်တိုက် ၃ ထပ်တိုက်လိုမျိုး အိမ်သီးသန့်လေးတွေ သူ့ဝင်းနဲ့သူရှိနေတဲ့ နေရာတစ်ခု.... ရပ်ကွက်ခေါ်မလား အဲ့ကိုရောက်လာသည်။ ခုနကလမ်းတုန်းကလို လူတွေပျားပန်းခတ်စည်ကားဖို့နေနေသာသာ မျက်စိတစ်ဆုံးမြင်နေရတဲ့ လမ်မကျယ်ပေါ်မှာ လူရယ်လို သူတို့သုံးဦးအပြင် မည်သူမှကိုရှိမနေခဲ့။ မျက်လုံးထောင့်မှာတွေ့လိုက်ရတဲ့ ဆိုင်းဘုတ်ကို အမိအရလှမ်းဖတ်လိုက်တော့ Royal Private Villa တဲ့....ဟုတ်တယ်လေ ကိုယ်ရောက်နေတဲ့နေရာတော့ ကိုယ်သိမှဖြစ်မယ်မလား မြို့ကြီးပြကြီးအသိအကျွမ်းလဲ ရှိတာမဟုတ်။
ခြံဝန်းကျယ်ကျယ်တစ်ခုရှေ့ရောက်တော့ ကားမောင်းနေတဲ့ ကိုဝေယံဆိုသူက ထိုခြံရှေ့မှာ အသင့်စောင့်နေပုံရတဲ့ ကားပေါ် တက်သွားသည်။ ထိုအခါမှဟိုလူက ကားမောင်းသူနေရာဝင်ထိုင်ပြီး အသင့်ဖွင့်ထားတဲ့ ခြံထဲကို တလှိမ့်ချင်း မောင်းဝင်သွားသည်။"ဆင်းလေ ဘာလုပ်နေတာလဲ"
နန်းတော်တမျှကြီးမားလှတဲ့ ၃ ထပ်တိုက်ကြီးတစ်လုံးရှေ့ရောက်တော့ ကားပေါ်ကနေ မမြင်ဖူးလို့ရော ထူးဆန်းမင်သက်နေတာရောကြောင့် အိမ်ကြီးကို တအံ့တသြကြည့်မိနေတဲ့သူမ အမိန့်ဆန်တဲ့ သူ့ရဲ့စကားကြောင့် အလန့်တကြားဖြစ်လို့သွားရသည်။ သူမတောင် အယောင်ယောင်အမှားမှားနဲ့ ကားပေါ်က မဆင်းနိုင်သေးခင်မှာပဲ ထပ်ပြီး သူမကိုလှည့်ကြည့်ကာပြောလိုက်တဲ့စကားကြောင့် းေချထားတဲ့ အိတ်ကလေးကိုလွယ်ရင်း တာရာ သူ့ကို ပြန်ကြည့်မိသွားသည်။
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....