Part-3

7.6K 433 5
                                    

တီချယ်လွင်:"နှင်း ဒီနေ့ ကျောင်း ပထမဆုံးရက်မို့
အရေးကြီးတဲ့ အစည်းဝေး ခေါ်မယ်တဲ့ အဲ့တာ ညနေကျရင် မပြန်နဲ့အုံးနော် ဟောခန်းထဲ အတူတူ သွားရအောင်"
နှင်း:"အိုကေ ချောစု" အမှတ်ခြစ်ရင်း ပြောလိုက်တဲ့ တီချယ်နှင်း။

At 4:30pm

ကျောင်းလွှတ်ကတည်းက ‌ဘုန်းကြီးကျောင်းဝင်းထဲမှာ ထိုးကြိတ်နေကြတဲ့ အေးမြနဲ့
ကျောင်းသား 5ယောက်။

ကျောင်းသား5ယောက်မှာလူကောင်ကြီးကြီး10တန်း Fအခန်းမှ ကျောင်းသားဆိုးများပင်။

အေးမြက 5vs1 _နှာဖူးမှာ သွေးများနှင့် နှုတ်ခမ်းပဲ့နေပြီ။
5ယောက်လုံးကတော့ မှောက်လျက်ပင် အခြေနေသိပ်မကောင်းတော့ပေ။
သို့သော် အဆက်မပြတ် တစ်ယောက် တစ်ခလှည့်အေးမြကို ထိုးရန်ရွယ်ကြသည်။
အေးမြကတော့ ခံစစ်သုံးပြီး သည်နှင့် တိုက်စစ်ဖြင့်ချသည်။
အထိများသည်မှာ ကျောင်းသား5ယောက်ပင်။

နှင်းကို ဖေဖေ့companyက နောက်ဆုံးပေါ်ကားအမဲ နဲ့ လာကြိုသည်။
ဒီနေ့ နှင်း ကား ကိုဖေဖေယူသွားသဖြင့် အိမ်မှ လာကြိုခြင်းဖြစ်သည်။
နှင်းတို့ အိမ်အပြန်လမ်းမှာ....တွေ့လိုက်သည့်မြင်ကွင်းတစ်ခုကြောင့်

နှင်း:"ဦးလေး ကားကို ခနကကျော်ခဲ့တဲ့ဘုန်းကြီးကျောင်းရှေ့ မှာ တချက်ရပ်ပေးပါအုံး မြန်မြန်...."

Driverဦးလေး:"အေး အေး သမီးလေး"

ပွဲကြည့်နေတဲ့ ကောင်လေးတစ်ယောက်က

"ဟျောင့်တွေ ဟျောင့်တွေ ....ဟိုမှာ ဆရာမလာနေပြီကွ ပြေးတော့ ပြေး...."
အကုန်လုံးပြေးသွားကြချိန် အေးမြတစ်ယောက်မှာ
အုတ်ခဲဖြင့် ခြေထောက်ခိုက်မိထားသဖြင့် မပြေးနိုင်ပေ။
နှင်း:"ဟေ့!!! ဆက်မပြေးနဲ့ ရပ်လိုက်..."
ဆရာမရဲ့ အမိန့်ဆန်ဆန်စကားများကို အေးမြတစ်ယောက် မလွန်ဆန်နိုင်။
အေးမြအနားသို့နှင်းရောက်လာသောအခါ.....
နှင်း:"အော်...မနက်က တယောက်ပါပဲလား
အခုကော ဘာကိစ္စဖြစ်ပြန်တာလဲ"
အေးမြ:"မနက်ကကောင်တွေက မကျေနပ်လို့ ချိန်းပွဲထိုးမယ်ဆိုလို့ လာချတာ"
နှင်း:"ဟမ်း!!!!"
အေးမြ:"အခု ချိန်က ကျောင်းလွှတ်သွားပြီ။ ဆရာမနဲ့ ဘာမှမဆိုင်ဘူး။ဆရာမ အမှု မပတ်စေရဘူး အိမ်ပဲပြန်လိုက်ပါ"
နှင်း:"မပြန်နိုင်ဘူး၊မင်းက ဆရာမလား တို့ကဆရာမလား ငါပြောသလိုသာလိုက်လုပ် အတွန့်မတက်နဲ့၊ အခုချက်ချင်း ငါ့အနောက်လိုက်ခဲ့"
အေးမြ:"မဟုတ်...."
အေးမြရဲ့ လက်ကောက်ဝတ်ကို အတင်း ကိုင်ကာ
ကားနားသို့လာခဲ့တဲ့နှင်း။

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now