Extra part-19

11.9K 416 85
                                    

အေးမြ:"အပေါ်ထပ်က သားအမိ နှစ်ယောက် ဆင်းလာခဲ့တော့လေကွာ...
ဒယ်ဒီ အလုပ်နောက်ကျတော့မယ်.."

ခုဆိုရင် အေးမြတို့ မိသားစုက သာယာနေပါပြီ..
မိဘမဲ့ဂေဟာမှာ အလှူသွားလုပ်ရင်း
ကလေးတစ်ယောက် မွေးစားခဲ့တယ်...
‌နှင်းကလည်း ကလေးကြီးနဲ့ ကလေးငယ်
နှစ်ယောက်လုံးကို ခုထိထိန်းနေရတုန်း...
သားလေး နာမည်ကိုတောင် ကလေးငယ်နာမည်နဲ့တူအောင် ပေးခဲ့လို့ ထင်ပါရဲ့ ခုချိန်ထိ သူ့ ဒယ်ဒီ အတိုင်းပဲ...

လင်းသန့်စင်:"လာပါပြီ ဒယ်ဒီသန့်ရယ်...
အရမ်းလောတာပဲ..."

အေးမြ:"အေး မြန်မြန်လုပ်...မင်းက ဒီနေ့မှ
အလုပ်စဆင်းမှာ နောက်ကျလို့ရမလား"

လင်းသန့်စင်:"နောက်ကျလည်း ဘာဖြစ်လဲ..
မာမီနဲ့ ဒယ်ဒီ company ပဲဟာ..."

‌နှင်း:"အေးမြသန့်စင်!!!
ဘာလို့ကလေးကို သွားပြောနေတာတုန်း...
နားကိုညီးနေတာပဲ...
နောက်ကျလည်း ဘာဖြစ်လဲ လာ သွားမယ် သား."

နှင်းတို့ သားအမိ ‌အိမ်ရှေ့ကကားရှိရာကို သွားနေချိန်
အနောက်ကနေ အေးမြက ပွစိပွစိ...

အေးမြ:"ဟော...တီချယ် ဘက်လိုက်တယ်...
သမီး အလုပ်သင် တုန်းက ၅မိနစ်နောက်ကျတာနဲ့
အချက်၅၀ထိုင်ထ လုပ်ရတယ်...
သူ့သားခလဲ့ကျတော့ ၁နာရီတောင် နောက်ကျနေတာ
တီချယ် မတရားဘူး လုံးဝ မတရားဘူး...."

နှင်း:"အေ..မြ...သန့်...စင်!!!!
ငါလာခေါ်ရမလား...ကိုယ့်ဘာသာကိုယ် ကောင်းကောင်းလာမလား..."

အေးမြ:"ဗျာ...ဟုတ်..ဟုတ်ကဲ့ လာပါပြီလို့"

အေးမြက အဲ့လို မယားကြောက်‌လေးပါ...
ကြောက်ရှာမှာပေါ့ နှင်းကလည်း သူလေးမှ
အနာတရမဖြစ်ရင် အိပ်မဝင်စားမပျော်ဖြစ်နေပြီ...

လင်းသန့်စင်ကလည်း အေးမြအတွက်ဂြိုလ်ကောင်လေးပါပဲ...
သူ့ကို မွေးဖို့ခေါ်ခဲ့တာအေးမြပါပဲ...
သူ့အသက် ၆နှစ် မှာ အိမ်ကို စရောက်တယ်...
စရောက်ကတည်းက ခုချိန်ထိကို တီချယ့်
အနားပဲကပ်တယ်...
အေးမြ အနားကပ်တဲ့ အချိန်ဆိုလို့
ဆေးလိပ်ခိုးတောင်းတဲ့အချိန်နဲ့ စော်ငမ်းတဲ့ အချိန်ပဲရှိတယ်...
အခုလည်း ကြည့်ပါအုံး...

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now