Part-8

7.4K 391 13
                                    

"ရေး...."

အေးမြ:"ဟျောင့် ငါတို့ ဒီလိုမျိုး
လွတ်လွတ်လပ်လပ်‌မနေရတာကြာပြီနော်...
အား...ခုမှပဲရင်ထဲပေါ့သွားတယ်"

‌စကားချို‌:"အေး...ဟဲ့ ဟိုဘက်သွားမယ် ရေခဲမုန့်နဲ့
အအေးသွားဝယ်မယ်။"

ကျော်မျိုးသောင်း:"အေး နင်တို့ နှစ်ကောင်က
မသိရင် တောသားမြို့တက်လာသလိုပဲဟယ်..."

အေးမြတို့ သုံးယောက် ပန်းခြံထဲ အရင်သွားခဲ့သည်။
အတွဲတွေ လိုက်ချောင်းရတာက ဝါသနာပေါ့။
ပြီးတော့ ဂိမ်းဆိုင်သွားဖြစ်သည်။
နေ့ခင်းလောက်ထိ ဂိမ်းထိုင်ကစားကြသည်။
ပြီးနောက် ရုပ်ရှင်ရုံသွားပြီ လက်မှတ်ဝယ်ကာ
အောင်ရဲလင်းကားကြည့်ကြသည်။
ကျောင်းလွှတ်ချိန် မှာ ရုပ်ရှင်ပြီးသည်။
စကားချိုကတော့ ကျူရှင်ရှိလို့စောစောပြန်သွားသည်။
ကျော်မျိုးသောင်းနဲ့အေးမြမှာ အနီးနားရှိ Barတစ်ခုကို သွားခဲ့သည်။

ကျော်မျိုးသောင်း:"ဟဲ့...တစ်ခွက်လောက်သောက်လေ၊ မလိမ်မာပြနေပါနဲ့ဟ"

အေးမြ:"သောက်ချင်ပါတယ်ဟ၊ ဒါပေမဲ့ ငါ
ညကျရင် တီချယ်နှင်းနဲ့ စာသင်ရအုံးမယ်၊
ကြောက်တယ်ဟ..."

ကျော်မျိုးသောင်း:"ဟယ်...လိမ်မာတတ်လာပြီပဲ..
ရော့...ရော့..မမူးတဲ့စီးကရက်သောက်"

အေးမြ:"အေး..ပေး..အဲ့တာပဲကောင်းတယ်"

ကျော်မျိုးသောင်း ဘီယာသောက်နေတာကိုပဲ ထိုင်ကြည့်ရင်း စီးကရက်သောက်နေတာ ၃လိပ်ရှိပြီ။

အေးမြ:"ဟျောင့်...တော်ပြီ ပြန်‌တော့မယ်
တီချယ်မလာခင် ငါ ပြန်မှ ဖြစ်မယ်၊
နင် အဆင်ပြေတယ်မလား"

ကျော်မျိုးသောင်း:"ပြန်တော့မလို့၊
အေး ငါကရတယ် အပျော့လေးပဲ အေးဆေး"

အေးမြ:"အေး အဲ့တာဆို ငါပြန်ပြီ"
~~~~~~~

ဒီနေ့ ဟိုကလေးမလေး ကျောင်းမလာဘူး။
ဘာကြောင့်လဲမသိ တစ်ခုခုလိုနေသလို
ခံစားချက်မျိုး။
နှင်း စိတ်လည်းပူနေမိ‌သည်။
ထို‌ကလေးမ နေမကောင်းလို့များလား...
မဟုတ်လောက်ပါဘူး...မနေ့ညကတောင်
အကောင်းကြီးပါ။
ခွင့်လည်း မတိုင်ထားဘူး။
အတွေးပေါင်းစုံနဲ့ စိတ်ပူနေမိသည်။
တကယ်တော့ နှင်းကိုယ်တိုင်က ထိုကလေးမကို
မေတ္တာရှိနေပြီ ဆိုတာ မသိသေးပါ။
ကျောင်းလွှတ် လွှတ်ချင်းပဲ....

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now