Part-6

7.3K 393 13
                                    

နောက်ကျနေပြီမို့ နှင်းလည်း အိမ်မပြန်တော့ပေ။
အေးမြကို ဆေးထည့်ပြီးနောက်...

အေးမြ:"ဆရာမ ဒီအိမ်မှာတော့ အခန်းက နှစ်ခန်းပဲရှိတယ်၊ ကြီးမြတို့ အောက်ထပ်ကအခန်းက သော့ခေတ်သွားတယ် သော့ပိုလည်းမရှိဘူး၊အဲ့တော့ အပေါ်ထပ်က ကျွန်တော့်ခန်းမှာ အိပ်ချင်သွားအိပ်လိုက်ပါ"

နှင်း:"မင်းကရော..."

အေးမြ:"တစ်ယောက်သောသူရဲ့ ရင်ခွင်ထဲမှာ"

နှင်းရဲ့ အနားသို့ကပ်လာပြီး နားရွက်ထဲသို့ လေဖွဖွလေးနဲ့ပြောသောအေးမြ။

နှင်း:"မင်း....မင်းရိသဲသဲလာမလုပ်နဲ့နော်၊ တို့က မင်းရဲ့ ဆရာမ"

အေးမြ:"အော်....ဆရာမကဘာတွေတွေးနေတာတုန်း
မီးငယ်ရေ...."
‌လက်ဖျောက်နှစ်ချက် တီးလိုက်တော့ ပြေးထွက်လာတဲ့ ဖြူဖြူဖွေးဖွေး ဗိုလ်ခွေးလေး။

နှင်းလည်း ကြောက်ကြောက်နှင့် အေးမြအပေါ်တက်ခုန်လိုက်သည်။

အေးမြမှာ ဒေါင်ကောင်းကောင်း အရပ်မြင့်မြင့်၊
နှင်းထက်ပင် ပိုမြင့်သည်။

အေးမြက နှင်းကို ချီထားသည့် အနေအထား၊
အေးမြရင်ခွင်ထဲမှာ
မျက်လုံးမှိတ်ထားတဲ့ နှင်းတစ်ယောက်...

နှင်း:"မင်း...မင်း...မင်းခွေးကို ပြန်မောင်းထုတ်ပေး"

အေးမြ:"ဟားဟား...ဆရာမက ခွေးကြောက်တတ်တာလား...မီးငယ်ရေ...လာ..လာ..ဒီနားလာ.."

နှင်း:"မင်း..မင်းဘယ်လိုဖြစ်နေတာတုန်း"

ပြောရင်းနဲ့ အေးမြရဲ့ ဗိုက်ခေါက်ကို အတင်းဆွဲလိမ်လိုက်တဲ့နှင်း။

အေးမြ:"အားးး ဆ...ဆရာမ...လွှတ် လွှတ်ပါအုံး
အား...အူတွေပါပြတ်တော့ ဆရာမ လွှတ် လွှတ်"

နှင်း:"‌မင်းခွေးကို အရင်မောင်းထုတ်လိုက်၊ ခွေးထွက်သွားရင် တို့ လွှတ်ပေးမယ်"

အေးမြ:"မီးငယ်...ရှုးး ရှုးးး"

မီးငယ်လေး ကော့ကော့ ကော့ကော့‌နှင့် အိမ်ရှေ့ တံခါးပေါက်မှ ထွက်သွားပြီ။

နှင်းကတော့ မသိရှာသေး။
မျက်လုံးလေး အတင်းမှိတ်ထားပြီး
အေးမြရဲ့ ဗိုက်ခေါက်ကို လိမ်ဆွဲထားတဲ့ ပုံလေးက
အသဲယားစရာ။

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now