Part-10

7K 381 13
                                    

အေးမြ:"အဲ့တာဆိုလည်း ဆရာတပည့် စည်းကို
မကျော်ဘူးလေ...ဒါပေမဲ့...
တခြားတပည့်တွေထက် အခွင့်အရေးလေးတော့
ပိုပေးလေနော်..."

နှင်း:"ဘာအခွင့်အရေးတုန်း..."

အေးမြ:"အများကြီးလည်း
မဟုတ်ပါဘူးတီချယ်ရယ်...
ဟို အာဘွားပေးတာလေးရယ်...."

နှင်း:"တိတ်စမ်း!!"

ရုတ်တရက် ထအော်လိုက်သောနှင်းကြောင့် အေးမြ တစ်ချက်လန့်သွားသည်။

အေးမြ:"ဟာ...တီချယ်ကလည်း ဒါလေးပြောတာ
ဒီမှာ သမီး လိပ်ပြာပါလွင့်တော့မယ်.."

နှင်း:"မရဘူး...ဘာ အခွင့်အရေးမှ မပေးနိုင်ဘူး.."

အေးမြ:"တီချယ်...သေချာလား ဘာအခွင့်အရေးမှ
မပေးဘူးဆိုတာ.."

နှင်း:"သေချာတယ်..မရဘူး..လုံးဝမပေးနိုင်ဘူး"

အေးမြ:"ရတယ်
တီချယ်ကမပေးနိုင်ဘူးဆိုတော့လည်း...
အခုချိန်ကစပြီး တီချယ့် စကားလည်း မနားထောင်ဘူး
အရင်ကထက်လည်း နှစ်ဆ ဆိုးတော့မယ်...
သွားပြီ...တီချယ် အိပ်ချင်အိပ်တော့.."

နှင်း:"စိန်ခေါ်တာလား...
တို့ လက်က အချိန်မရွေး နေရာမရွေးတက်ဘူးနော်."

အေးမြ:"မသိဘူး...တီချယ်
အဲ့အခွင့်အရေးမပေးရင် သမီးကတော့ ဆောတီးပဲ"

ပြောချင်တာပြောပြီး ဖန်ဘီဒို ထဲက စီးကရက်ဗူးနဲ့
အရက်ပုလင်းကို ထုတ်နေသည့် အေးမြ...

နှင်း:"မင်း အဲ့ဒါ ဘာလုပ်မလို့လဲ"

အေးမြ:" သောက်ဖို့ပေါ့ တီချယ်ရဲ့...
အရင်က ဒီချိန်ဆို လသာဆောင်မှာ ဒါလေးတွေနဲ့ အနားယူတဲ့ အချိန်လေ..."

နှင်း:"ပြန်ထည့်လိုက်...မသောက်ရဘူး.."

အေးမြ:"အော်...တီချယ်က ဘာမို့လို့ သမီးကို
အမိန့်တွေလာပေးနေတာတုန်း"

နှင်း:"တို့က မင်းဆရာမ...
မကောင်းတာလုပ်ရင် တားပိုင်ခွင့်ရှိတယ်"

အေးမြ:"သမီးက ဆရာမကို ချစ်သူလောက်
ပိုတန်ဖိုးမထားတတ်ဘူး...
တီချယ့် စကားနားထောင်စေချင်ရင်
သမီးချစ်သူလုပ်လိုက်လေ"

နှင်း:"မင်းက ပြောလေ ကဲလေပါလား"

အေးမြ:"ဟုတ်တယ် တီချယ်ရဲ့...
ပြောလေ ကဲလေပဲ အဲ့တော့ သွားတော့မယ်...
တီချယ်လည်း အိပ်ပေတော့..."

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now