Part-15

6.7K 354 0
                                    

ကလေးမ စိတ်ကောက်နေသလား....
အရင်လို အခေါ်အပြော မရှိတော့ ရင်ထဲမှာ ဟာတာတာ...
ကိုယ့်ဘက်ကလည်း ပြန်ခေါ်ချင်ပါရဲ့....
ဒါပေမဲ့ ကိုယ်က အကြီးပဲ ခေါ်ချင်းခေါ်
ထိုကလေးမဘက်ကပဲ ခေါ်ရမယ်....
နှင်းရဲ့ အချစ်ကို မမြင်တာတော့ တကယ်ဝမ်းနည်းမိတယ်...
နှင်းက ပတ်ဝန်းကျင် ဂရုစိုက်တတ်သူမ‌ဟုတ်ပေမဲ့
နှင်း သိပ်ချစ်ရတဲ့ ကလေးငယ်လေး
နှင်းကို ကဲ့ရဲ့ ရင်တော့ မခံနိုင်....

တီချယ်လွင်:"နှင်း....နေရောကောင်းရဲ့လားကွယ်..
အခုတလောမှိုင်တိုင်တိုင်နဲ့..."

နှင်း:"ကောင်းပါတယ်ကွယ်..."

တီချယ်လွင်:"အွန်း ကလေးတွေတောင် စာမေးပွဲကြီးနီးနေပြီနော်"

စာမေးပွဲကြီး ဆိုတာကြားတာနဲ့ နှင်း တန်းမြင်မိတာ
ကလေးငယ်...
ကလေးငယ်ရယ်..စာကောလုပ်ရဲ့လား..
တစ်ယောက်တည်း လုပ်ရတာကော
အဆင်ပြေပါ့မလား...
အိုးး စိတ်ပူစရာမလိုပါဘူးလေ...
သူတောင် ကိုယ့်ကို ပစ်ထားပြီး
အသစ်လေးတွေနဲ့တွဲနေတာပဲ...
သူ့ကိစ္စနဲ့သူရှိလေ့စေ...

တီချယ်လွင်:"ဟဲ့..ဟဲ့ မိနှင်းရယ်...
ဟဲ့..."

နှင်း:"ဝေ...."

တီချယ်လွင်:"အော်...နင့်မှာလည်းနော်....
ငါခေါ်နေတာ လိပ်ခေါင်းပါထွက်တော့မယ်...
ဘာတွေတွေးနေတာလဲ..."

နှင်း:"ဘာမှ မတွေးပါဘူးဟာ...ဒါနဲ့ အခု ဘယ်ချိန်ရောက်ပြီလဲ..."

တီချယ်လွင်:"နံပါတ်၃ချိန်လေကွယ်.. "

နှင်း:" ၃ချိန်.....ဟဲ့ ငါ အတန်းရှိတယ်လေ...
ဘာလို့မပြောတာတုန်း..."

တီချယ်လွင်:"အော်...ငါက နင့်အမေလားဟဲ့"

နှင်း:"‌တော်ပြီ...ချောစုမ ငါပြန်လာမှ စကားနိုင်ပြိုင်လုမယ်...ခုတော့ ပြေးသွားအုံး"

တီချယ်လွင်:"အေး..ဖြေးဖြေးသွားအုံး...
ဆရာမအတန်း‌ချိန်နောက်ကျမှာစိုးလို့ပြေးသွားရာမှ
ရှေ့သွားများကျိုးဆိုတဲ့ သတင်းက ကြားမကြောင်းဘူး..."

နှင်း:"နွားမလေး....ငါလုပ်လိုက်ရယ်"

တီချယ်လွင်:"အယ်...ဒီဆရာမက စိတ်ကြီးပဲ"

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now