ဝေး

12 0 0
                                    

#ဝေး

မျက်စိစုံမှိတ်ပြီး လက်လွှတ်ပေးခဲ့ရတဲ့အချိန်တွေက
ထင်ထားတာထက်ခါးတယ်
ဆုတောင်းမကောင်းခဲ့လို့ဝေးရတယ်ပဲမှတ်ပါမယ် …။

ဝေးခဲ့ပြီးနောက်
ကဗျာတွေရေးဖြစ်တယ်
အရင်လိုမင်းအကြောင်းတွေမဟုတ်တော့
ကိုယ့်ကဗျာဟာအသက် မဝင်ဘူး … ။

ချစ်ခဲ့ခြင်းဟာအပြုံးလက်လက်လေးတစ်ခုနဲ့စသလို
လမ်းခွဲခြင်းဟာလူကြီးမင်းနဲ့အဆုံးသတ်တယ်
blacklistထဲကကိုယ့်ဝိဥာဉ်ကို
ရှင်သန်ခွင့်ပေးပါ … ။

တစ်ယောက်ထဲသောက်ရတဲ့ကော်ဖီတွေ
တစ်ယောက်ထဲလျှောက်ဖြစ်တဲ့လမ်းတွေ
တစ်စွန်းတစ်စကြားရတဲ့မင်းအကြောင်းတွေကြားမှာ
ကိုယ်ဟာသေလူ … ။

မပျော်ဘူးပြောရင်အားလုံးသင်ပုန်းချေပစ်လိုက် မှာပေါ့ လေးဖက်လေးတန်နံရံတွေခြားဖို့အတွက်
ဒီလောက်စိမ်းပြဖို့မှမလိုတာ … ။

အတိုအစWhere stories live. Discover now