ကျွန်တော့် ဝင်သက်ထွက်သက်တိုင်းဟာ ကိုကို

4 0 0
                                    

- ကျွန်တော့် ဝင်သက်ထွက်သက်တိုင်းဟာ ကိုကို -

ချစ်တယ်လို့ခဏခဏပြောရင်မုန်းမှာလား
မတတ်နိုင်ဘူး
ကျွန်တော်ဟာမလိမ်ညာတတ်တော့
ချစ်တယ်လို့ခဏခဏပြောပါရစေ … ။

အချစ်ဦးတော့မဟုတ်ဘူး ကိုကို
ဒါပေမဲ့အချစ်ဆုံး … ။

ပီတိစားပြီးအားဖြစ်တာမဟုတ်ဘူး
ကိုကို့ အသံကြားပြီးအားဖြစ်ခဲ့တာ … ။

ကျွန်တော့်ဘဝထဲ ကိုကိုဘယ်လောက်အရေးပါမှန်းသိအောင်
မနက်ခင်းနှိုးစက်သံကို
ကိုကို့နာမည်ပေးထားတယ် … ။

ချစ်တယ် တစ်ခွန်းပဲပြောပါ
ဒီဘဝမှာဘာဆုမှထပ်မတောင်းတော့ဘူး … ။

ကိုကို့အပြုံးတွေမှာ
တစ်ဖြုတ်ဖြုတ်ကြွေကျခဲ့ရသူကကျွန်တော်ပေါ့ ကိုကို … ။

ကိုကိုသိပါစေ
ကျွန်တော့်ဝင်သက်ထွက်သက်တိုင်းဟာ ကိုကို … ။

261217914

အတိုအစWhere stories live. Discover now