^ တိမ်တွေဆီရေးတဲ့စာ ^
မပြည့်တော့မဲ့ဆုတောင်းတွေပါပဲ … ။
မပျော်ဘူးပြောရင်
နောက်ဆုတ်ပေးမှာပေါ့
ထားခဲ့ဖို့အတွက်
ဒီလောက်အပင်ပန်းခံဖို့လိုလို့လား … ။ပျော်နေမှာသိလို့
ပျော်ပါစေဆုမတောင်းပေးတော့ဘူး
တစ်ခါတစ်လေမှာ
ဒီလူကိုသတိရမိရင်
ပစ်ပစ်နှစ်နှစ်ဆဲပစ်လိုက်ပေါ့ … ။ဝေးကွာရတဲ့ဘဝတွေမှာ
ကတိသစ္စာတွေဟာ
အကျုံးမဝင်ဘူးထင်ရဲ့ … ။ပြေးတွေ့ဖို့မတတ်နိုင်တဲ့အခါ
တိမ်တွေကိုကြည့်ပြီးငေးရုံပေါ့
ဒီဘဝမွာ
ချစ်ခြင်းမေတ္တာဟာ ကိုယ့်အတွက်တစ်
ဖက်
သတ်
ဆန်
တယ် … ။
8218937