^ တမလွန်သို့ပေးစာ ^
ကံကြမ္မာကပဲရက်စက်တာလား
ဖေဖေကပဲရက်စက်တာလား
မိုးတွေရွာရင်ကြောက်တယ်
ဖေဖေ့အနွေးထည်လေးခြုံထားရင်လုံမလား ဖေဖေ … ။ကျွန်တော်က
စူပါဟီးရိုးမှမဟုတ်ပဲဖေဖေရယ်
သစ်သားတုံးလေးတွေကိုမိုးရေထဲမျှောချင်တဲ့အခါ
သံပုရာရည်သာက်ချင်တဲ့အခါ
ငိုရတော့တာပေါ့ … ။ဖေဖေရေ
လွန်ခဲ့တဲ့ နှစ်၂၀ (ဒါမှမဟုတ်) တမလွန်ကိုဆက်သွယ်ချင်တဲ့အခါ
googleခေါက်လို့ရလား ။ကျွန်တော်အခုအမှောင်တွေထဲမှာပျော်တတ်နေပြီ
စကားတွေအများကြီးမပြောတော့ဘူး
ဖေဖေ့ကိုလွမ်းတဲ့အခါ
ဘုရားမှာသောက်တော်ရေကပ်တယ်
ဘဝဟာဒီလိုပဲလား ဖေဖေ … ။ကျွန်တော်မသိလိုက်ခင်မှာပဲ
ဖေဖေထွက်သွားတယ်
ကျွန်တော်လဲဘယ်သူမှမသိလိုက်ခင်မှာပဲ
ထွက်ပြေးလာချင်တယ်
ဖေဖေရေ ကျွန်တော်ပြန်လာရင်
ကျွန်တော့်ကိုကြိုပါ … ။283181021