#ကိုယ့်မှာနာမည်တပ်ခွင့်မရှိ
အချိန်တန်ရင်အဆုံးသတ်သွားမှာပါပြောရအောင်
ကျွန်တော်တို့ဇာတ်လမ်းက
စမှမစခဲ့တာခင်ဗျားပြောသလိုပဲ
ကျွန်တော်ခံနိုင်ရည်တွေရှိလာပြီ
မိုးလင်းမိုးချုပ်ကနေ
အိပ်မ က်ထဲအထိ
ခင်ဗျားကိုလွမ်းနေတာကလွဲရင်
အိမ်ရှေ့စာတိုက်ပုံးထဲက
ခင်ဗျားစာတွေမမျှော်တတ်တော့ဘူးညဆိုစောစောအိပ်
good morning လို့နှုတ်ဆက်ထား
ကျွန်တော်အားတဲ့အခါ
ကဗျာတွေရွတ်ပြမယ်
phoneစောင့်နေပါလို့
ပြောခွင့်မရှိတော့ကော်ဖီလျှော့သောက်
ထမင်းကိုပုံမှန်စား
နှာစေးချောင်းဆိုးဖြစ်တဲ့အခါ
ချာတိတ်တစ်ယောက်ရဲ့
နားပူနားဆာသံကိုကြားယောင်ပြီး
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါကျောခိုင်းသွားရမဲ့အစား
မျက်နှာချင်းဆိုင်ကနေ
ရင်ဝကိုဆောင့်ကန်ပါ
ခင်ဗျားထားတဲ့အကွာအဝေးကနေပဲ
အပြုံးလေးလက်နေတာကို
မြင်ချင်လို့တကယ်ဆိုကျွန်တော့်ဘဝဟာ
နာမည်တပ်ပြီးလွမ်းခွင့်မရှိ ....A/N
printed ဖြစ်ဖူးတဲ့ ပထမဆုံးကဗျာက album ထဲကို သုံးနှစ်ကြာမှရောက် :D