2

12.9K 1.4K 47
                                    

"သူရိန် ထ​တော့။ သူရိန်...​နေသူရိန်..."

ပုခုံးကိုလှုပ်ခါပစ်လိုက်တဲ့အထိအ​တွေ့​ကြောင့်နဲ့မှ အသိစိတ်က ပစ္စုပ္ပန်ကိုကပ်၏။ ဖိုးသားမျက်နှာကိုမြင်​လိုက်ရမှ အိပ်ချင်မူးတူးဖြစ်​နေတဲ့စိတ်ကို
လက်ရှိ​​ရောက်​နေရာအရပ်ဆီ ဆွဲ​ခေါ်ယူရသည်။ ဟုတ်သား... သူရိန်အခု ထိုင်းကို​ရောက်​နေတာပင်။

ဒီကို​ရောက်လာဖို့ ဓါး​တောင်ကို​ကျော်ပြီး မီးပင်လယ်မဖြတ်ခဲ့ရ​ပေမယ့် စိတ်ချမ်း​မြေ့စွာထွက်ခွာလာခဲ့ရသည်​တော့မဟုတ်ပါ။ "ကျွန်​​တော် မိန်းက​လေး​တွေကိုစိတ်မဝင်စားဘူး"ဆိုတဲ့ စကား​နောက်မှာ ဖွားဖွားကြီး​မေ့လဲသည်။ ​မေ​မေက ​သွေး​​ပေါင်ချိန်မကျ။ ​ဖေ​ဖေက​တော့ မင်းမျက်နှာမမြင်ချင်ဘူးဆိုသည်။ အမြဲ သူရိန့်ဘက်ရှိ​နေခဲ့သည့်တီ​လေးပင်လျှင် သူရိန့်ကိုဥ​ပေက္ခာနှင့်ကြည့်သည်။

မိန်းက​လေး​တွေကိုစိတ်မဝင်စားခြင်းက မိသားစုတစ်ခုလုံးရဲ့စိမ်းသက်စွာပစ်ပယ်ခြင်းနဲ့တိုက်ရိုက်အချိုးကျလိမ့်မယ်လို့ ​တွေးထားခဲ့ဖူးပြီးသားပင်။ ဖွားဖွားကြီးမူးလဲရာကမှ လူနာသတင်း​မေးလာကြရင်း သူရိန် come out လိုက်တဲ့အ​ကြောင်းက ရှိသမျှအမျိုးအ​ဆွေအားလုံးဆီ မီးခိုးကြွက်​လျှောက်လိုပျံ့နှံ့သွား၏။ ကူးစက်တတ်​သော​ရောဂါတစ်ခုလို အားလုံးက အမြစ်ဖြတ်ကုသဖို့ စီစဥ်ကြတာ မိန်းမ​ပေးစားမည်တဲ့။ ​

​ဂေး​နေပါတယ်ဆိုတဲ့​ကောင်ကို အဆိပ်​သောက်​သေခိုင်းလိုက်တာနဲ့ဘာကွာ​သေးလို့လဲ။ ဒီမီးပွားက ဒီ​ကောင်တင်မဟုတ် ဒီ​ကောင်နဲ့​ပေါင်းဖက်မယ့်မိန်းက​လေးကိုပါ ဝဋ်ရှိလို့ခံရတာဆိုတဲ့ ​စောင်တလွဲ​လော့ဂျစ်​တွေနဲ့ ဦး​နှောက်​​ဆေးကြဦးမည်။ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သည်း​ခြေရည်​ကခါးမှန်း သူရိန်နားလည်သွားရသည်။ ​ဖောက်ထုတ်ပစ်လို့မရတဲ့ သည်း​ခြေရည်လို ပြတ်​တောက်ပစ်လို့မရတဲ့မိသားစုကို ​ကျောခိုင်းဖို့ ရှိသမျှ​တွေထုခွဲ​ရောင်းချပြီး ဖိုးသားနဲ့ရန်​နောင်ဆီလိုက်လာဖြစ်၏။

ဒီလိုအချိန်ကျမှ တစ်ဦးတည်း​သောသားအဖြစ် လို​လေ​သေးမရှိပြည့်စုံခဲ့တဲ့​ နေသူရိန့်ပိုက်ဆံအိတ်ကလည်း အလိုက်ကန်းဆိုးမသိ​အောင် ပိန်ကပ်​နေသည်။ ၁၄ရက် Visa free ရ​ပေမယ့် ​ငွေပို​ငွေလျှံမများ။ ​နေစားရိတ်၊ စားစရိတ်​လောက်ငှရုံနဲ့ အလည်အပတ်အတွက်ဆိုရင် မုန့်စား​လျှော့ရလိမ့်မည်။ ကိစ္စ​တော့မရှိ စားဖို့​သောက်ဖို့က ဖိုးသားနဲ့ ရန်​နောင် ဒကာခံပြီး ​နေစားရိတ်အတွက်လည်းမကုန်။ ​​ထိုင်းကပြန်လျှင်​တော့ သန့်စင်တဲ့ဦး​နှောက်နဲ့ မိန်းမ မယူဖို့ အ​ရေးဆိုတင်သွင်းနိုင်လိမ့်မည်။

We Are ConnectedWhere stories live. Discover now