14

9.3K 1.3K 186
                                    

"မြန်မာမုန့်အစုံ၊ မုန်းဟင်းခါးအ​ကြော်စုံနဲ့ ၃ပွဲ၊ ချို​ပေါ့ကျ ၃ခွက်"

​နံနက်ခင်း ၇နာရီနဲ့ ၉နာရီကြားက ဧည့်သည်အကျဆုံးအချိန်ဖြစ်သည်။ ဆိုင်မှာ ဝန်ထမ်း ၂၀​ကျော်ရှိ​ပေမယ့် ဘယ်သူမှလက်မလည်ပါ။ စမ်း​ချောင်းရဲ့အချက်အချာလမ်းဆုံမှာရှိ​နေတာ​အပြင် ဆိုင်မှာစားစား၊ ပါဆယ်ဆွဲဆွဲထုပ်ပိုးသယ်ယူမှုပုံစံ လွယ်ကူ​ပေါ့ပါးတဲ့ပုံစံ​ကြောင့် စမ်း​ချောင်းဆိုင်ခွဲက နံနက်ခင်းပိုင်းမှာ အလုပ်အရှုပ်ဆုံး။ တစ်လခွဲ​လောက်ရှိလာတဲ့အချိန်မှာ​တော့ အစားအ​သောက်​တွေကို​ရော၊ တက်ကြွတဲ့နံနက်ခင်းကိုပါ သူရိန် အရာရာကိုအသားကျ​နေခဲ့ရပြီ။

အော်ဒါမီနူး​တွေကို tablet မှာမှတ်ပြီး Kitchen အမှာစာဘက်ပို့​နေတုန်း ဆိုင်ရဲ့ရင်ခွဲမှန်တံခါးက မညင်မသာပွင့်သွား၏။ နံနက်ခင်းရဲ့ကြည်လင်မှု​တွေက ခပ်​ထေ့​ထေ့ပြုံးတဲ့နှုတ်ခမ်း​ထောင့်စွန်းတို့​ကြောင့် ညစ်နွမ်းသွားရသလိုပင်။ အချိန်က ၁၀နာရီထိုးခါနီးဝန်းကျင်ဖြစ်လို့ လူ​တော့ကြဲ​နေပါပြီ။ စားပွဲထိုးဝတ်စုံနှင့်သူရိန့်ကို ​ခြေဆုံး​ခေါင်းဆုံးကြည့်​လာတဲ့မျက်လုံး​တွေက ခပ်ရိုင်းရိုင်း။ ​နေသူရိန်ဆိုတဲ့​ကောင်က​ရော ယဥ်​ကျေးတတ်​နေတာမဟုတ်မှန်းသိသားနဲ့ အစွယ်တကယ်ရှိမရှိ လာလာစမ်းချင်ကြသည်။

​ထောင့်ကျကျခုံတစ်ခုမှာဝင်ထိုင်လိုက်တာနဲ့ အနား​ရောက်သွားတဲ့ စားပွဲထိုးကိုလက်ကာပြပြီး သူရိန့်ကိုမှ မျက်စပစ်​ခေါ်သည်။ ​​ဝန်ထမ်းအသစ်​တွေက သူရိန့်ကိုတစ်လှည့်၊ ​ခေါက်ရိုး​ပေါ်သည်အထိ မီးပူထိုးထားတဲ့စတိုင်ပန်နှင့်ရှပ်လွင်လွင်ဝတ်ဆင်ထားသူကိုတစ်လှည့်စူးစမ်းကြည့်ကြ၏။ မျက်စိလျင်တဲ့ဂျာကြီးက သူရိန်တို့ကြား ချက်ချင်း​ရောက်လာသည်။

"ကိုညီ ဖုန်းလည်းကြိုမဆက်ဘဲ"

"အိုး...ကျွန်​တော်က ဖုန်းဆက်ပြီးမှလာလို့ရတာလား ဦး​ကျော်"

"အဲ့သ​ဘောမဟုတ်ရပါဘူး။ ကိုညီလာမယ်မှန်းသိရင် စားချင်တာ​လေး​တွေ ပြင်ထား​ပေးမလို့ပါ"

"ရတယ်။ စားတာကစားခဲ့ပြီ။ အစ်ကိုနဲ့စကား​ပြောမလို့ တမင်လာတာ"

We Are ConnectedHikayelerin yaşadığı yer. Şimdi keşfedin