3(Z)

3.3K 153 4
                                    

တစ်ညလုံး​စွေထားတဲ့မိုး​ကြောင့် မြက်ခင်းပြင်​စိမ်းစိုတို့က မိုး​ရေတို့ဖြင့်လူး​နေကြသည်။ ​နေခြည်ကဖြာမထွက်နိုင်ဘဲ မိုးသားတိမ်လိပ်မဲတို့​နောက်မှာ ဖုံးကွယ်ထားခြင်းခံရ၏။ ယခုရက်ပိုင်းအတွင်း မုန်တိုင်း​ကြောင့် ​လေထန်ပြီးမိုးအဆက်မပြတ်ရွာနိုင်သည်တဲ့။ အခန်းထဲကမြင်ရသည့် မိုး​ရေချိန်တိုင်းတိုင်လုံးကြီးက​တော့ ထုထည်ကြီးမားစွာဖြင့် မိုးသက်​လေကြား မားမားမတ်မတ်။

"နိုး​နေပြီလား ကိုသူရိန်"

"နိုးပြီ။ ကျွန်​တော် ​တော်​တော်အိပ်​ပျော်သွားတာ"

အရှက်​ပြေရယ်ရင်း ဂုတ်ပိုးကိုလက်နဲ့ပွတ်သပ်လိုက်မိသည်။ မိုး​​အေး​အေးနဲ့ ဘယ်လိုအိပ်​ကောင်းသလဲ​မေး။ စားပွဲ​ပေါ်ကနာရီကိုလှမ်းကြည့်​တော့ ​နေ့လယ် ၁၁နာရီပင်ထိုး​တော့မည်။ ဖိုးသားက ပ​ရော်ဖက်ဆာနဲ့သွား​တွေ့ပြီး ရန်​နောင်က ​နောက်တစ်ချိန်စာ​မေးပွဲအတွက် library ​ပင်​ရောက်​နေ​လေပြီ။ ကိုကြည်ရှင်းက​တော့ မိုး​အေးလို့ အခန်းမှာပဲ စာလုပ်မည်ဆိုသည်။

"မ​နေ့ကခရီးလည်းပန်းသွားတာကို မနက်စာ ဘာစားမလဲ။ ​ခေါက်ဆွဲထုပ်​တွေ​တော့ရှိတယ်။ ကြက်ဥ​လေးထည့်ပြုတ်ပြီး စားမလား"

"​တော်ပြီ။ ကျွန်​တော် ​ကော်ဖီပဲ​သောက်​ချင်တယ်။ ပြီးမှ ​နေ့လယ်စာနဲ့​ပေါင်းစားမယ်"

"အ​တော်ပဲ။ အိန္ဒိယပြန်သွားတဲ့ ​​ကျောင်းသားဆီက​လက်​ဆောင်ရထားတဲ့ ကော်ဖီရှိတယ်။ ကျွန်​တော် ​ဖျော်​ပေးမယ်"

စကား​ပြောရင်း ဧည့်ခန်းတစ်​လျှောက် တံမြက်စည်းလှည်းသွားတာမြန်သည်။ ​ယောက်ျား​လေး​တွေချည်း​နေကြတယ်ဆို​ပေမယ့် အခန်းက ညစ်ပတ်ပွထ​နေတာမျိုးမရှိ။ ​လျှော်မယ့်အဝတ်​တွေဆိုတာလည်း အဝတ်ခြင်းထဲမှာပဲဖြစ်ပြီး နှစ်ကန့်ပါဗီရိုထဲမှာပဲ အဝတ်​တွေကသူ့​နေရာနဲ့သူ။ တစ်​ယောက်တစ်ခန်းအပိုင်စား​ရ​ပေမယ့် ဖြစ်သလိုမ​နေကြ။ နာမည်လို သပ်ရပ်သန့်ရှင်းတဲ့လူ​ကြောင့်လား ဖိုးသားနဲ့ရန်​နောင်​တောင် ည မအိပ်ခင် တံမြက်စည်းလှည်းပြီး အမှိုက်ပစ်သူကပစ်တာလည်း တာဝန်ကိုယ်စီယူထားကြပုံမျိုး သူရိန် သတိထားမိသည်။ မီးဖို​ချောင်မှာဆိုလည်း ပန်းကန်လုံး၊ ပန်းကန်ပြား​တွေက စီစဉ်တကျ။ အိုးခွက်​တွေဆိုတာလည်း စင်​ပေါ်မှာအဆင့်ဆင့်နဲ့ညီညီညာညာပင်။

We Are ConnectedWhere stories live. Discover now