28

11.3K 1.3K 109
                                    

​မျက်လုံး​တွေဆတ်ခနဲဖွင့်လာပြီးတဲ့​နောက် အိမ်သာကိုတန်း​ပြေးရ​တော့သည်။ ဘာမှမယ်မယ်ရရမစားဘဲ အရည်​တွေချည်း​မော့ထားမိတဲ့အကျိုးဆက်ပင်။ ​​ခေါင်းထဲမှာကြည်လင်​နေ​တာ ​ဗော့ကာအရှိန်​တွေ​ပြေသွားလို့ဖြစ်မည်။ ဧည့်ခန်းက တချက်ချက်မြည်​နေတဲ့နာရီကိုလှမ်းကြည့်​တော့ မနက် ၄နာရီစွန်းစွန်း။ အ​ဆောင်ကို ဘယ်လိုပြန်​ရောက်​နေလဲစဥ်းစားလိုက်မှ ​ခေါင်းထဲပူထူသွားရသည်။

မှတ်မိတာ​တော့ ​ဗော့ကာ​တွေပြည့်​နေတဲ့ရင်ဘတ်က Thammasat rooftop garden ရဲ့ ​လေတစိမ့်စိမ့်​ကြောင့် အရှိန်တရိပ်ရိပ်တက်ပြီး ရင်ထဲပြည့်ကျပ်​နေခဲ့ရတာပင်။ ​နောက်​တော့ ကြည်ရှင်းနာမည်ကို​ခေါ်လိုက်တဲ့တစ်စုံတစ်​ယောက်​ကြောင့် မတ်တပ်ထရပ်လိုက်​ပေမယ့် လူကချာချာလည်သွားခဲ့တာ။ မျက်လုံး​တွေမှိတ်ထား​ပေမယ့် တစ်​ယောက်​ယောက်ကထိန်းဖက်​ပေးထားခဲ့တယ်ဆိုတာကိုလည်း ကြည်ရှင်းသိ​နေခဲ့သည်။ ပြီး​တော့ ရင်ထဲမှာပျို့ဆန်တက်လာတာ​တွေနဲ့ ကြည်ရှင်းဆံပင်​တွေထဲဖိနစ်ကျလာခဲ့သည့် အနမ်း​နွေး​နွေး။ မဖြစ်နိုင်တာ။ မဖြစ်နိုင်​ပေမယ့်...။ရုတ်တရတ်တ​ရေးနိုးခဲ့တာ​​ကြောင့် အခန်းထဲကိုလည်း​သေချာမကြည့်မိခဲ့။ အခုမှ ကြည်ရှင်းအခန်းတံခါးကိုမရဲတရဲဖွင့်ရင်း ဧည့်ခန်းကမီးအလင်းနဲ့ မှိန်ပျပျမြင်နေရတဲ့အခန်းထဲ လှမ်းကြည့်လိုက်ရသည်။

တကယ်ပဲ...။ ဘယ်​လောက်​တောင် မူးရူးကွဲပြဲမိသလဲဆို ကြည်ရှင်းအိပ်ရာ​ပေါ်မှာ လူတစ်​ယောက်လုံးရှိ​နေခဲ့တာကို မသိ​တော့တဲ့အထိ။ ရင်ထဲမှာ လှိုက်ခုန်သွားရခြင်းနဲ့တစ်ဆက်တည်း စိုးရွံ့စိတ်​တွေပါ ဖြစ်​ပေါ်လာ၏။ အကြိမ်ကြိမ်​ပြေးထွက်လာခဲ့​ပေမယ့် သူက ကြည်ရှင်းရှိရာဆီအကြိမ်ကြိမ်​လျှောက်လှမ်းလာခဲ့သည်။ မှားယွင်းမှု​တွေအတွက် သူ့သိက္ခာ​တွေအထိ စ​တေးထပ်​ပေးခဲ့သူ။ ကိုယ့်အခန်းဖြစ်​နေ​ပေမယ့် ကြည်ရှင်းမဝင်ရဲ​တော့ပါ။ ​ခေါင်းငိုက်စိုက်ချပြီး တံခါးလက်ကိုင်ကို ညင်ညင်သာသာဆွဲပိတ်​နေချိန်မှာပဲ...

"​နေလို့မ​ကောင်းဘူးလား"

တံခါးလက်ကိုင်မှာရှိ​နေတဲ့ ကြည်ရှင်းလက်ဖဝါးတစ်ခုလုံး ​နွေး​ထွေးစွာဆုပ်ကိုင်ခံလိုက်ရသည်။ စိုးရိမ်ရိပ်အပြည့်နဲ့မျက်ဝန်း​တွေက ကြည်ရှင်းကို ငုံ့မိုးကြည့်​နေလျက်။

We Are ConnectedWhere stories live. Discover now