11

8.7K 1.3K 263
                                    

ည​လေက ​အေးသည်။ သူရိန့်ရင်ထဲမှာ​တော့ အသူရာရည်တန်ခိုးနဲ့ ခံစားချက်​စကားလုံး​တွေ​ပေါင်းစပ်ဓါတ်ပြုပြီး အက်ဆစ်​လို တဆစ်ဆစ်ဖြင့် ပူပြင်း​လောင်ကျွမ်း​နေ၏။ တင်းကြပ်စွာဆွဲကိုင်လာခဲ့မိတဲ့ လက်ဖဝါးပြင်က တိတ်ဆိတ်စွာ ရုန်းထွက်သွား၏။ လမိုက်ညရဲ့တိမ်လွှာထု​တွေအရိပ်ကျလို့ပဲလား။ ကြည်လင်ရှင်းသန့်​နေတတ်သူမျက်နှာက ​​မှောင်အရိပ်ထင်သည်။ သူရိန့်ကိုငဲ့မကြည့်။ ​မ​နှေးမမြန်ခြေလှမ်း​တွေက အားနာစိတ်​တို့ရဲ့ဆွဲငင်အား​ကြောင့်ပဲလား အရင်​လို ​ပေါ့ပါးဟန်မခံစားရ။ သူရိန့်ပုခုံးနှစ်ဖက်က အပြစ်ရှိသူတစ်​ယောက်ရဲ့ ​ခံစားချက်မျိုးဖြင့် အား​လျော့​စွာပင်။

"​ဆောရီး ရှင်းသန့်... ကျွန်​တော်..."

သူရိန်တကယ်ကို ဘာ​ပြောရမလဲမသိ။ အသိမိတ်​ဆွေဆိုတဲ့ကန့်သတ်ချက်​တွေကြားမှာ ဒူး​ထောက်ညံ့သက်ချင်တဲ့စကားလုံး​တွေက လွတ်​မြောက်ခွင့်မရ။ တိတ်ဆိတ်​နေသူကလည်း သူရိန့်အယူခံဝင်မှုကို လက်ခံချင်ဟန်မရှိသလိုမျိုး မျက်နှာလွှဲထား၏။

"ကိုသူရိန် ​တောင်းပန်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ကျွန်​တော်ကသာ ကိုယ့်ချစ်သူကို မ​စောင့်​ရှောက်​ပေးနိုင်တာ"

သူရိန့်မျက်ဝန်းထဲက အံ့ဩမင်သက်သွားမှု​တွေကို ဖုံးကွယ်ထားလို့မရလိုက်။ အပြုံးက ခွင့်လွှတ်ခြင်းမမည်စွာ စိမ်းသက်​နေပါလားလို့ မ​တွေးမိ​အောင် ကိုယ့်စိတ်ကိုနာကျင်​စေမှုမှ ကာကွယ်ထားရသည်။

"​ကိုသူရိန်မှမဟုတ်ဘူး။ ဘယ်သူမှ​ ပြောစရာအ​နေအထားဖြစ်မလာ​အောင် ကျွန်​တော် ပိုဂရုတစိုက်​နေခဲ့ရမှာ။ ကျွန်​တော့်အမှားပါပဲ။ ကျွန်​တော့်အားနည်းချက်​တွေ"

"​တော်ရုံပဲ​ကောင်းတယ် ​ကြည်ရှင်းသန့်!"

သူရိန့်​လေသံက မာ​ကြောခက်ထန်စွာပင်။ ​ဒေါသ​တွေက မျက်စိ​ရှေ့ကတစ်​ယောက်​သောသူကိုမဟုတ်ဘဲ အားမလိုအားမရခြင်း​တွေအ​ပေါ် ​​ပေါက်ကွဲသက်​ရောက်မှုအဖြစ်။

"ကိုယ့်အ​ပေါ် ဒီ​လောက်အနိုင်ယူ​နေတာ မင်းမသိတာလား။ သိသိရက်နဲ့ လက်ခံ​ပေး​နေတာလား တကယ်သိချင်​နေပြီ"

We Are ConnectedWhere stories live. Discover now