Part (9) Uni/Zawgyi

31.7K 901 41
                                    

ပြန်လိုချင်တယ်

အပိုင်း (9)

နေပိုင်ထွဋ် ရုံးခန်းတံခါးခေါက်သံကြားပြီးနောက် သူ့ဘက်ကဝင်ခဲ့ဖို့မပြောခင်ပဲ တံခါးနောက်မှရုံးခန်းထဲသို့ဝင်လာလေသူမှာ ဆံပင်ဂုတ်ဝဲကိုနားနောက်သို့သပ်ရပ်စွာဖြီးသပ်ထားသော ဟေမာန်ထွဋ်ဖြစ်သည်။

နေပိုင်ထွဋ်လည်း သွေးတစ်ဝက်တော်စပ်သောအစ်မဖြစ်သူရောက်လာသောကြောင့် အလုပ်စားပွဲကနေထလာပြီးရုံးခန်းအလယ်က ဆိုဖာမှာ ဟေမာန်ထွဋ်နဲ့အတူဝင်ထိုင်လိုက်ပါသည်။

"အတော်ပဲ ကျွန်တော်လည်း မဟေမာန်ကိုခေါ်တော့မလို့ "

"နင်မခေါ်ခင်အရင်လာလိုက်တာ ငါလာတဲ့အကြောင်းအရင်းရောမင်းငါ့ကိုခေါ်မယ့်အကြောင်းအရင်းရောကအတူတူပဲထင်တယ်"

ဟေမာန်ထွဋ်က ဆိုဖာကိုမှီလျှက်ထိုင်နေပြီးလက်ပိုက်ထားသည်။

"ဟုတ်တာပေါ့ ကျွန်တော်ရပ်နားထားတဲ့ Production ကိစ္စကို ဘာလို့ကျွန်တော့်ဆီမတင်ပြဘဲ ဆက်လုပ်လိုက်တာလဲ"

နေပိုင်ထွဋ်သည် မိသားစုကိစ္စကို အလုပ်မှာခွဲခြားလျှက် ပေါ်တင်ပဲမေးလိုက်တော့သည်။

"အဘိုးကိုပြောပြီးပြီပဲ နင့်ကိုပြောစရာလိုသေးလို့လား "

"ကုမ္ပဏီCEOက ကျွန်တော်လေ အဘိုးမှမဟုတ်ဘဲ"

ဟေမာန်ထွဋ်က မျက်မှောင်ကုတ်ကြည့်ပြီး

"နင့်ကိုယ်နင် CEO ဆိုပြီး အဲ့သလောက်အာဏာရှိတယ်ထင်မနေနဲ့ နေပိုင်ထွဋ် နင်ကငါ့နောက်မှမွေးတဲ့ မယားငယ်ရဲ့သား !"

အလုပ်ကိစ္စအကြောင်းပြောနေရာမှ မိသားစုအရေးကိုပါထည့်ပြောလာသောဟေမာန်ထွဋ်ကြောင့် နေပိုင်ထွဋ်အနည်းငယ်တော့တင်းသွားသည်။

"ဘာလို့မဆိုင်တာတွေလာပြောနေတာလဲ အခု Production  ကျွန်တော်ကိုယ်တိုင်ယူထားတဲ့ကျွန်တော့်ရဲ့ Project လေ ကျွန်တော့်ကိုခွင့်အတောင်းဘဲ ရပ်နားထားတဲ့ဟာကိုဆက်လုပ်လို့ဘယ်ရမလဲ"

"ငါပြောပြီးပြီလေ အဘိုးကိုခွင့်တောင်းပြီးပြီလို့ အဘိုးကိုယ်တိုင်ပဲ မောင့်ကိုခွင့်ပြုပေးလိုက်တာ"

ပြန်လိုချင်တယ် (Completed) OCWo Geschichten leben. Entdecke jetzt