ပြန်လိုချင်တယ်
အပိုင်း (1)"ဟ...မင်းတို့က ငါ့ကိုတောင်မစောင့်ဘူး "
KTV မှ VIP အခန်းထဲသို့ ဝင်လာသော မျက်မှန်နဲ့ တရုတ်စပ်လူတစ်ယောက်က ပြောလိုက်သည်။ထိုအခါဝင်းထိန်နေသောမီးရောင်နဲ့ အကောင်းစားဆိုဖာအိအိကြီးတွေပေါ်မှာတစ်ယောက်တစ်နေရာစီထိုင်နေကြသော ယောက်ျား ၃ယောက်ကထိုလူ့အားလှမ်းကြည့်လိုက်သည်။
ယောက်ျား၂ယောက်ရဲ့ဘေးမှာလည်းစကပ်တိုလေးနဲ့ကောင်မလေးနှစ်ဦးကခပ်နွဲ့နွဲ့မှီထားကြသေးသည်။
စားပွဲပေါ်မှာလည်းအကောင်းစားအရက်များနှင့် အမြည်းပေါင်းစုံရှိနေသေးသည်။
"ကမ္ဘာ့အလုပ်အရှုပ်ဆုံး နေထွဋ်တောင်ရောက်နေပြီ မင်းကဘာလုပ်နေတာလဲ"
ရွှေရောင်ဆံပင်တွေရှိသောမိန်းကလေးကိုရင်ခွင်ထဲထည့်ထားသော ဇေယျာဝင်းက အလယ်ခေါင်တည့်တည့်မှာထိုင်နေသော နေပိုင်ထွဋ်ကိုညွှန်ပြရင်းပြောလိုက်ပါသည်။
"ဟား...ဇေကြီးရ ဒီကောင်က ငါတို့ဆီရောက်လာဖို့သူ့ဘုရင်မနဲ့တိုက်ပွဲဝင်ရသေးတာကွ ငါတို့လိုလွတ်လပ်မနေဘူး"
တစ်ဖက်တွင် ဆံပင်ဂုတ်ဝဲနဲ့မိန်းကလေးကငှဲ့ပေးတဲ့ဝီစကီတစ်ခွက်ကိုကောက်မော့ပြီး ဇေယျာဝင်းရဲ့စကားကို သန့်ဇင်အောင်က ဝင်ထောက်သည်။
သူတို့ပြောလည်းပြောချင်စရာ ဝမ်တီး ဆိုသည့်တရုတ်ကပြားကလေး ကျော်သူစိုးဟာ သူငယ်ချင်း၄ယောက်ထဲမှာပထမဆုံးစျေးဦးပေါက်ပြီးအိမ်ထောင်ကျသွားသူဖြစ်သည်။
ဝမ်တီးက သန့်ဇင်အောင်ရဲ့ဘေးမှာဝင်ထိုင်ပြီး ဝီစကီတစ်ခွက်ကိုသူကိုယ်တိုင်ပဲထည့်သောက်လိုက်ပြီးမှ
"မင်းတို့က ငါနောက်ကျရင် မိန်းမကြောင့်ပဲပြောနေကြတာ မင်းတို့အလယ်ကကောင်ကြီးကျတော့ လူပျိုကြီးအတိုင်းပဲ"ခပ်ရွဲ့ရွဲ့နဲ့ပြန်ပြောလိုက်တော့ ဇေကြီးနဲ့သန့်ဇင်က သူတို့အလယ်က ကန်စွန်းပလိန်းတွေတူနဲ့လှမ်းနှိုက်နေတဲ့နေပိုင်ထွဋ်ကိုတပြိုင်တည်းလှည့်ကြည့်ကြသည်။
နေပိုင်ထွဋ်က ကန်စွန်းပလိန်းကိုပါးစပ်ထဲထည့်ပြီးဘာလဲဆိုတဲ့သဘောနဲ့မေးဆက်ပြလိုက်တဲ့အခါ
ESTÁS LEYENDO
ပြန်လိုချင်တယ် (Completed) OC
Romance"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လို့ ဝတ်တယ်ဘာဖြစ်လဲ!" "အေး...အဲ့တာဆိုရင် ချွတ်စမ်း...မင်းယောက်ျားငါ ဒီမှာထိုင်ကြည့်မယ် ချွတ်...ခုချွတ်!" Mautre on Uni/Zawgyi "မင္း အဲ့သေလာက...