ပြန်လိုချင်တယ်
အပိုင်း (35)
အချိန်အားဖြင့် ၅ရက်ရှိပြီဖြစ်တဲ့အထိ အဆက်အသွယ်မရတာမို့ ခင်သက်ရဲ့အမေနဲ့အစ်မဆီသို့မေးဖို့ဆုံးဖြတ်လိုက်တော့သည်။
ခင်သက်ကသူတို့အဆင်မပြေတဲ့အကြောင်း အမေနဲ့အစ်မသိမှာအရမ်းစိုးရိမ်တာမို့ အိမ်ကိုမပြန်လောက်ဘူးဆိုတာနေပိုင်ထွဋ်တစ်ထစ်ချစဥ်းစားမိသည်။
တကယ်လို့ဒေါ်ချောစုနဲ့မာလာတင်တို့ကိုပါအသိပေးထားတယ်ဆိုရင်လည်းနေပိုင်ထွဋ်မရရတဲ့နည်းနဲ့ရှင်းပြပြီးတောင်းပန်ရပေတော့မည်။
၅ရက်မျှကြာနေပြီမို့ဖုန်းဆက်ဖို့မသင့်တော်တော့ဘူးဟုထင်မိသောကြောင့်လူကိုယ်တိုင်ပဲ ကုမ္ပဏီကနေခွင့်ယူပြီး သူမရဲ့မိဘတွေရဲ့နေရပ်သို့မနက်စောစောထွက်လာခဲ့တာဖြစ်သည်။
စက်ပိတ်ထားပါတယ်ဟုသာ ဖြေကြားသောဖုန်းနံပါတ်တစ်ခုအားအခါပေါင်းမရေတွက်နိုင်အောင်ခေါ်ထားပြီးဖြစ်၍ ဆက်တိုက်လည်းခေါ်နေမိတုန်းပင်ဖြစ်သည်။
Message မှတစ်မျိုး၊ Active မဖြစ်တဲ့ Social Media မှတစ်မျိုး ၊ နေပိုင်ထွဋ် စာတွေပို့နေတာလည်းမနည်းတော့ပေ။
၅ရက်လုံးကောင်းကောင်းလည်းအိပ်မပျော်တာမို့ ကားမောင်းရတာလည်းလူကနုံးချိချိဖြစ်နေသည်။
နေပိုင်ထွဋ် လူကအိပ်ရေးပျက်လို့နုံးနေပေမဲ့ အိပ်ငိုက်ဖို့လည်းသတိမရ။ ခင်သက်၏အမေဆီသို့ရောက်ဖို့အရေးသာခေါင်းထဲရှိသည်။
မနက်စောစောထပြီးမောင်းလာတာမို့ နေမွန်းတည့်မရောက်ခင်ယောက္ခမအိမ်ရှေ့သို့အရောက်ဖြစ်သည်။ နေပိုင်ထွဋ်၏ကားကိုမြင်တော့ မာလာတင်ကခြံတံခါးလာဖွင့်ပေးသည်။
နေပိုင်ထွဋ်ကားကိုခြံထဲ၌ထိုးရပ်လိုက်ပြီးနောက် ကားပေါ်ကဆင်းလာတော့ မာလာတင်၏မျက်နှာထားအရသူမ အကြောင်းအရာတချို့ကိုသိပြီးနေသားဖြစ်ရမည်။
"မာလာ ဘယ်သူလဲဟေ့.... သြော်...မောင်နေပိုင်ထွဋ်ပါလား"
ဒေါ်ချောစုကအိမ်ထဲကထွက်လာပြီးကြိုပေမဲ့ သူမလည်းမျက်နှာမကောင်းပေ။
VOUS LISEZ
ပြန်လိုချင်တယ် (Completed) OC
Roman d'amour"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လို့ ဝတ်တယ်ဘာဖြစ်လဲ!" "အေး...အဲ့တာဆိုရင် ချွတ်စမ်း...မင်းယောက်ျားငါ ဒီမှာထိုင်ကြည့်မယ် ချွတ်...ခုချွတ်!" Mautre on Uni/Zawgyi "မင္း အဲ့သေလာက...