ပြန်လိုချင်တယ်
အပိုင်း (31)
"စာရင်းက ဒီလောက်ထိကွာနေတာတော့မဟုတ်သေးဘူး ဒါကို မဟေမာန်ထွဋ်ကရောဘာမှမပြောဘူးလား သူမသိတာလား"
နေပိုင်ထွဋ် သူ့ရုံးခန်းထဲက စားပွဲမှာ ကြည်ပြာချိုလာပြတဲ့စာရင်းအချို့ကိုကြည့်ပြီး ဦးနှောက်ခြောက်နေသည်။
"ဟို..ကျွန်မအထင်တော့ မဟေမာန်ထွဋ်မသိလောက်ဘူးထင်တယ် ဒီစာရင်းကို ကျွန်မဆီလာပေးတာက ခါတိုင်းလချုပ်စာရင်းလာပေးသလိုမဟုတ်ဘဲ တိုးတိုးတိတ်တိတ်ပေးသွားတာမို့လို့ပါ"
"အင်း..ကျွန်တော်သိတယ် ကျော်ဇောလင်းလုပ်သမျှကိစ္စဆိုဟေမာန်ထွဋ်ကအမြဲသိနေပြီးသား ဟေမာန်ထွဋ်ခွင့်ပြုချက်မပါဘဲကျော်ဇောလင်းကဘာမှလုပ်လို့မရဘူး ဒါပေမဲ့ဒီလောက်ပိုက်ဆံAmount တွေကွာနေတာကို ဟေမာန်ထွဋ်မသိဘူးဆိုတာစဥ်းစားစရာပဲ "
"ဆရာ ကျွန်မဆီကိုဒီစာရင်းလာပေးတဲ့ ကိုဇော်မင်းကို မေးကြည့်သင့်တယ်"
"အင်း...ကြည်ပြာ့ဆီကိုတိုးတိုးတိတ်တိတ်နဲ့လာပေးတယ်ဆိုကတည်းက သူဒီကိစ္စမှာပါဝင်နေလို့ပဲဖြစ်ရမယ် ဘာလို့အခုမှအောက်ဖဲလှန်တာလဲ ကျွန်တော့်ဆီ နေ့လည်နားတဲ့အချိန် ကိုဇော်မင်းကိုလွှတ်ပေးပါ"
"ဟုတ်ကဲ့ပါဆရာ ကျွန်မ ကိုဇော်မင်းကိုဆက်သွယ်လိုက်ပါ့မယ်"
နေပိုင်ထွဋ် ကြည်ပြာထွက်သွားတော့ လက်ထဲကစာရင်းအချို့ကိုကြည့်ပြီးဆက်စဥ်းစားနေသေးသည်။
ဒီငွေပမာဏဟာ တစ်လတည်းနဲ့ဖြောင်ထားလို့ရတဲ့ပမာဏမဟုတ်။ သိန်း၂ထောင် ဆိုတဲ့ငွေပမာဏကိုဒီကောင်လစဥ်နည်းနည်းချင်းခိုးထားတာဖြစ်ရမည်။ဘယ်လကတည်းကသူ ဟေမာန်ထွဋ်ဆီကိုစာရင်းအတုပို့ပြီးဂျင်းထည့်နေတာလဲ။
*
*
*ဒေါက် ဒေါက်
"ဝင်ခဲ့ပါ"
"ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ "
"သြော်...ကိုဇော်မင်း ထိုင်ပါဦး"
နေပိုင်ထွဋ်က ကိုဇော်မင်းကိုမြင်လျှင်မြင်ချင်းနေရာမှထလာပြီး ကိုဇော်မင်းနဲ့အတူဆိုဖာမှာထိုင်လိုက်ကြသည်။
BẠN ĐANG ĐỌC
ပြန်လိုချင်တယ် (Completed) OC
Lãng mạn"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လို့ ဝတ်တယ်ဘာဖြစ်လဲ!" "အေး...အဲ့တာဆိုရင် ချွတ်စမ်း...မင်းယောက်ျားငါ ဒီမှာထိုင်ကြည့်မယ် ချွတ်...ခုချွတ်!" Mautre on Uni/Zawgyi "မင္း အဲ့သေလာက...