Part (38) Uni/Zawgyi

27.4K 895 52
                                    

ပြန်လိုချင်တယ်

အပိုင်း (38)

နေပိုင်ထွဋ် ထိုညက အိပ်မပျော်တာနဲ့ မသုံးဖြစ်တာကြာပြီဖြစ်သော Facebook ထဲဝင်ကြည့်ဖြစ်သည်။

ပြီးနောက် Active မဖြစ်တဲ့ ခင်သက်တင်၏ အကောင့်ထဲသို့ဝင်ကြည့်၏။ အပေါ်ဆုံးမှာရှိနေတဲ့ Post ဟာ လွန်ခဲ့သော၃ပတ်လောက်ကတင်ထားတဲ့ သူမကိုယ်တိုင်ဒီဇိုင်းဆွဲပြီးချုပ်ထားသော Dress တစ်ထည်ရဲ့ပုံဖြစ်သည်။ ထိုPost ရဲ့အောက်မှာတော့ နေပိုင်ထွဋ် Tag တွဲပြီးတင်ထားတဲ့ မူဆယ်ကပုံတွေဖြစ်သည်။

ထိုပုံတွေကိုပြန်မြင်ပြီး တစ်ခုသတိရမိတာက ခင်သက်မူဆယ်ကိုများသွားလေမလား။
ထိုစဥ်လွန်ခဲ့သော၅ရက်လောက်က စိုင်းခမ်းစစ်အကြောင်းကိုနေ့တိုင်း စုံစမ်းပြီး လာပြောပြသော ကြည်ပြာချိုပြောတဲ့ စိုင်းခမ်းစစ် ရိုက်ကူးရေးရှိလို့မူဆယ်သွားတယ်ဆိုတာကိုလည်းသတိရသွားသည်။

နေပိုင်ထွဋ်ချက်ချင်းပဲ စိုင်းခမ်းစစ်ရဲ့အကောင့်ကိုရှာကြည့်လိုက်သည်။ လွန်ခဲ့တဲ့၄ရက်ကနောက်ဆုံးPost တင်ထားတာဖြစ်ပြီး မူဆယ်မြို့ရဲ့မနက်ခင်းရှုခင်းတွေကိုနောက်ခံထားကာ Selfie ရိုက်ထားသော သူ၏မျက်နှာချောချောပုံနှင့် ''အချစ်ရှိရာ´´ ဟူသော Caption နဲ့ဖြစ်သည်။

ထို Caption ကိုဖတ်ပြီးခင်သက်မူဆယ်မှာရှိနေမယ်ဆိုတဲ့အတွေးကပိုခိုင်မာလာသည်။ ထို့ကြောင့် Comment ထဲကိုပါထပ်ခါဝင်ကြည့်လိုက်တော့ သူ၏ Fan girls များက
"အရမ်းချောပါတယ်"
"အားပေးနေမယ် "
"မူဆယ်မှာလား တွေ့ချင်လိုက်တာ"
စသော ment များအထဲမှ Like အများဆုံးရရှိထားသော ment ဟာ ပုံတစ်ပုံဖြစ်ပြီး မနေ့ကမှ ment ထားတာဖြစ်လေသည်။

"အချစ်ဆိုတာ ဒီတစ်ယောက်လား"
ဆိုတဲ့ စာနှင့်အတူ ရိုက်ကွင်းထဲမှာ အတူထိုင်နေကြတဲ့ စိုင်းခမ်းစစ်နှင့်ခင်သက်တင်ကိုနောက်ကျောဘက်ကနေ zoom ဆွဲပြီးရိုက်ထားသော ခပ်ဝါးဝါးဓာတ်ပုံတစ်ခုဖြစ်၏။

ထိုဓာတ်ပုံဘယ်လောက်ပင်ဝါးနေပါစေ၊ ကိုယ့်မိန်းမပုံဆိုတာကိုတော့ကျောဘက်ကနေလည်းသေချာပေါက်အတည်ပြုနိုင်ပါသည်။

နောက်ဆုံးတော့ တွေ့သွားပြီ။

နေပိုင်ထွဋ် ညသန်းခေါင်မှာ ခုချက်ချင်းမူဆယ်သို့ထပြေးချင်စိတ်ပေါက်လာပေမဲ့ ကားနဲ့ဆိုလျှင် ရန်ကုန်မှမူဆယ်အထိအတော်လေးကြာမည်ဖြစ်သည်။ ထို့ကြောင့် မနက်ဖြန်ရတဲ့လေယာဥ်နဲ့မူဆယ်သို့ရောက်ဖို့အရေး ညကတည်းကလေယာဥ်လက်မှတ်ရအောင်ကြိုးစားပါတော့သည်။

ပြန်လိုချင်တယ် (Completed) OCWhere stories live. Discover now