ပြန်လိုချင်တယ်
အပိုင်း (40)
"ဘယ်လို....ခင်သက်တင်နဲ့နေပိုင်ထွဋ်က မောင့်ကိုတရားစွဲတယ်ဟုတ်လား!"
ဟေမာန်ထွဋ်သည်သူမနှင့်ကျော်ဇောလင်းဆီရောက်လာသော တရားရုံးမှဆင့်ခေါ်စာကြောင့်မယုံနိုင်ဖြစ်နေရသည်။ ကျော်ဇောလင်းသည်ကုမ္ပဏီကငွေတွေအလွဲသုံးစားလုပ်မှုနှင့်စခန်း၌ထိန်းသိမ်းခြင်းခံထားရပြီး ဟေမာန်ထွဋ်သည်ထိုကိစ္စမှအမြန်လွတ်မြောက်ရန်ငွေအားဖြင့်လိုက်နေတာဖြစ်သည်။
သို့သော်ဤကဲ့သို့နောက်တစ်မှုပေါ်လာသောကြောင့်ဟေမာန်ထွဋ်လည်းသွေးမတက်ရုံတမည်သာဖြစ်သည်။ တရားစွဲခံရသောအမှုသည်လည်း မိန်းမတစ်ယောက်အားကာယိအိန္ဒြေကိုပျက်စီးစေမှုဟူ၍ဖြစ်သည်။
ဟေမာန်ထွဋ်လည်း ကျော်ဇောလင်းဆီသို့လာတွေ့ရင်းထိုအကြောင်းအရာများကိုမေးလေသည်။ ရဲစခန်း၏ဧည့်တွေ့ခန်းတစ်နေရာ၌ ကျော်ဇောလင်းအားလက်ထိပ်ခက်ထားပြီးဟေမာန်ထွဋ်၏ရှေ့၌ထိုင်ခိုင်းစေသည်။
"မောင်....ဒီကိစ္စကဘယ်လိုလဲ အခြားသူတောင်မဟုတ်ဘဲနေပိုင်ထွဋ်ကစွဲထားတာ မောင် မကိုတော့ လိမ်လို့မရဘူးနော် အမှန်ပြောမှဖြစ်မယ်"
ဟေမာန်ထွဋ်သည်သူ့ရှေ့၌မျက်နှာငယ်လေးနှင့်စိုးရိမ်နေလေသောကျော်ဇောလင်းဆီမှအဖြေချက်ချင်းမကြားရ၊ငြင်းလည်းမငြင်းဆိုသောကြောင့်သံသယဝင်လာသည်။
"မောင်!...ပြောလေ...ချက်ချင်းပြန်မဖြေနိုင်လောက်အောင် မောင် အဲ့တာကမှန်နေတာလား...တကယ်ပဲမောင်.....မောင်...ခင်သက်နင်ကို...."
"မ...မဟုတ်ဘူး..မ.. မောင့်ကိုယုံပါ...မောင်ခင်သက်တင်ကိုအဲ့...အဲ့လောက်..."
"အဲ့လောက်ဆိုတာဘာစကားလဲ! နင် ငါ့ကိုလိမ်လို့မရဘူးနော်ကျော်ဇောလင်း!"
"မောင်ဘာမှမလုပ်ခဲ့ပါဘူးမရယ်..မောင့်ကို..မောင့်ကိုဒီထဲကနေအမြန်ထွက်လို့ရအောင်လုပ်ပေးပါ...ပြီးကျရင်မောင်တို့ အမေရိကားကိုသွားကြမယ်လေကွာ...မောင်တို့အရင်ကပြောထားခဲ့ကြတယ်လေ!"
"ဒါပေမဲ့အခု နင့်ကိုတရားစွဲထားတာမုဒိမ်းမှုလေ ဒီကိစ္စကပေါ့သေးသေးမဟုတ်ဘူးအခုတောင်ကုမ္ပဏီကကိစ္စကသက်သေခိုင်လုံနေလို့ငါဒီလောက်လိုက်နေတာတောင်လွတ်မလာသေးဘူးလေ! "
VOUS LISEZ
ပြန်လိုချင်တယ် (Completed) OC
Roman d'amour"မင်း အဲ့သလောက် တိုနှံ့နှံ့လေးတွေဝတ်ပြီး ပွတ်သီးပွတ်သပ်လုပ်ပြရတာကြိုက်နေလား" "ကြိုက်တယ် ကျွန်မဟာကျွန်မကြိုက်လို့ ဝတ်တယ်ဘာဖြစ်လဲ!" "အေး...အဲ့တာဆိုရင် ချွတ်စမ်း...မင်းယောက်ျားငါ ဒီမှာထိုင်ကြည့်မယ် ချွတ်...ခုချွတ်!" Mautre on Uni/Zawgyi "မင္း အဲ့သေလာက...