🪐3

364 56 0
                                    

"Junkyu ထထ Junkyu ထလို့ မင်း ဒီနေ့ အတန်းသစ်မှာ စာဝင်သင်ရမယ်တဲ့ "

"ဘာ ဘာ‌လဲ"
မိုးလင်းခါနီးမှ အိပ်ပျော်သွားသောကြောင့် သူ စိတ်မကြည်လင်စွာ ပြန်မေးလိုက်သည်။

"မင်းသားငယ် အမိန့် ဟေ့ကောင် ထ"

"ဘာ"

သူဒီတစ်ခါ ပိုကျယ်စွာ ‌အော်လိုက်မိသည်။ ပထမဦးဆုံး အချစ်ဦးကို စိတ်တိုသွားခြင်းဖြစ်သည်။
ညက လူကို အိပ်မရအောင် Suprise တိုက်သွားပြီး
ခု အိပ်ရေးဝအောင်ပင်မအိပ်ခိုင်း။

"မသွားဘူး မသွားဘူး လာမခေါ်နဲ့ ဘယ်သူအမိန့်ဖြစ်ဖြစ် မရဘူး"

အိပ်ယာထက် မျက်နှာအပ်ကာ အော်ဟစ်နေသော Junkyu အားကြည့်ကာ Yoshi ပြုံးလိုက်သည်။
(Fake Smile)

"မင်းတကယ်မသွားဘူးလား"

"မသွားဘူး လုံးဝ လုံးဝ မသွားဘူး"

"အိုကေလေ မသွားနဲ့ပေါ့"

အိပ်ခန်းတံခါးနားအရောက် Yoshiစကားကြောင့် သူ ဝုန်းခနဲ ထထိုင်မိသွားသည်။

"ဟျောင့် Yoshi ပြန်ပြော ပြန်ပြော"

"မင်းသူ့မျက်နှာမြင် ဖူးချင်တယ်မလား ထ ပြင်လိုက်တော့ "

သူအံ့အားတသင့်ရှိနေပြီး ချက်ချင်းရေချိုးခန်းထဲဝင်ကာ ရေချိုးဖို့လုပ်တော့သည်။

အဝတ်အစားလဲရင်း ပြန်စဉ်းစားမိပြန်သည်။ သူ့နားကိုပင်သူမယုံနိုင်သော စကားအား Yoshi‌သေချာပြောသွားသည်။

"မင်းသားငယ်  က အတန်းလာတက်မှာတဲ့ အဲ့ဒါကြောင့် သေချာပေါက် မင်းရှိမှရမှာတဲ့ လျှို့ဝှက်ချက်တဲ့နော်"

ဟွန့်  သူ့ကိုစာပို့လည်းရသားနဲ့ ။ လျှို့ဝှက်ချက်ကို သူများနဲ့ပြောလိုက်စရာလား။

သူနှုတ်ခမ်းဆူပြီး စိတ်ကောက်လိုက်သည်။သူသိသိမသိသိ။

............

"ဘာ အတန်းပေါင်းသင်ရမှာ"

ဒီနေ့ မနက်တင်ပဲYoshiသူ့ကို Supriseတိုက်တာ နှစ်ခါရှိပြီ။

"ဟုတ်တယ် Fresherတွေ အကုန်စုမှာ ယောင်္ကျားလေးမိန်းကလေး"

"သီးသန့်သင်နေကျကို ဘာလို့ ဒီနေ့မှလဲ"

Lord of  Darkness (Complete ✅)Where stories live. Discover now