🪐18

228 34 6
                                    

" Ruto"

"ဟင်"

     မျက်လုံးလေးတွေပွင့်သွားပြီး သူ့ကိုမြင်သည်နှင့်
နုညံ့စွာခေါ်ဆိုလာလေသည်။ ဒါလေးကို ဒီပုံရိပ်ယောင်စံအိမ်ထဲမှာပဲ တစ်သက်လုံးထားချင်လိုက်တာဗျာ။

"ငါ မင်းကို လွမ်းလိုက်တာ ဘယ်တွေရောက်နေတာလဲ "

သူ့ ဆံပင်ရှည်များကို တို့ထိကစားနေသူ၏ လက်ကလေးအား သူ ဆွဲယူဆုပ်ကိုင်ထားလိုက်သည်။

"ဆံပင်တွေရှည်နေပြီ  ကောင်ဆိုးလေးလုပ်နေတာလား"

"အင်း လူဆိုးလေး လုပ်နေတာ ကိုကိုပစ်ထားလို့"

"အဟင်း"

တိုးညှင်းစွာရယ်သူ၏ ရင်ခွင်ထဲ သူခိုဝင်လိုက်သည်။
ဒီလူသား ဒီမွှေးရနံ့ လေးကို သူ ဘယ်လောက်လွမ်းနေခဲ့ရလဲ။ ရင်ဘက်အနှံ့ ဖွဖွလေး လိုက်နမ်းတော့
လက်မောင်းကို အရိုက်ခံရသည်။ သူ မရပ်ပဲ
လည်တိုင်တွေကို ထပ်ထိတော့ နောက်တစ်ချက်အရိုက်ခံရပြန်သည်။

"ငြိမ်ငြိမ်မနေရင် ကုတင်ပေါ်ကတွန်းချမှာနော်"

"ဟုတ်"

သခင်ရှာတွေ့သွားသော ခွေးပေါက်လေးက ရင်ခွင်ထဲခေါင်းတိုးဝှေ့ပြီး သခင့်ရနံ့အား ခိုးရှိုက်နေလေသည်။

အရပ်ကလန်ကလားနှင့် ကလေး‌လုပ်နေသူအား ပြန်လည်ဖက်တွယ်ရင်း သူနှင့်မရင်းနှီးသော လက်တွေ့ဘဝအား မကြာခင်ပြန်ရောက်လိမ့်မည်ကို Kyuလုံးဝမသိခဲ့ပေ။
...............

အဖြူရောင်နန်းဆောင်ရှိ အိမ်ဆောင်ကုတင်ထက်တွင် လဲလျောင်းနေသော လူသားနှစ်ဦး။ပုံရိပ်ယောင်စံအိမ်၏ အစွမ်းများ တဖြည်းဖြည့်လျော့ပါးလာပြီး
လက်‌ရှိ အခြေနေသို့ ပြန်လည်ရောက်ရှိချိန်။

အရင်ဆုံးနိုးလာသူ Junkyu မှာ ဘေးနားရှိ အရှင်
Aethiolas အား မြင်သည်နှင့် ကုတင်ပေါ်မှ ခုန်ဆင်း
လိုက်သည်။
စက္ကန့်ပိုင်းအတွင်း နိုးလာသူ အရှင် Aethiolas မှာ
ယခုအချိန်တွင် မျက်လုံးစိမ်းများနှင့်ရင်ဆိုင်လိုက်ရသည်။

"မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ ဘာလို့ ငါ့အခန်းမှာရှိနေတာလဲ ခု ထွက်သွားပါ"

Lord of  Darkness (Complete ✅)Onde histórias criam vida. Descubra agora