🪐8

358 51 5
                                    

Junkyu အမှန်တရားအခန်းထဲရောက်ချိန်တွင် အရာအားလုံးမှာ ပုံမှန်အတိုင်းဖြစ်နေလေသည်။
Hyunsuk ထည့်ပေးလိုက်သော Sig Pro Pistolကိုကိုင်ကာ သတိကြီးစွာ ချည်းကပ်လာသည်။
     
      နံရံတစ်ခုဆီအား မျက်နှာမူ၍ သူ အလေးအနက်ထား စိတ်စွမ်းအင်သုံးကာ ကြိုးစားဖွင့်ကြည့်‌သည်။
သုံးခါမြောက်ကြိုးပမ်းမှုတွင် တကျွီကျွီ မြည်ကာ
အက်ကြောင်းပင်မရှိသော နံရံမှ တံခါးတစ်ခုပေါ်လာခဲ့လေသည်။ မီးခိုးကဲ့သို အငွေ့များကြောင့် အထဲသို့ ကောင်းစွာမမြင်ရပေ။
       "Ruto ...Ruto ...."

သူ၏အသံမှလွဲ၍ တစ်စုံတစ်ရာ မကြားရ။အတန်ကြာ လျောက်လာပြီးနောက် မြင်ကွင်းမှာ ရှင်းလင်းလာလေသည်။ သူမြင်လိုက်ရသည်မှာ
အခန်းကျယ်တစ်ခု သို့မဟုတ် မြေအောက်အကျဉ်းထောင် ။တနည်းအားဖြင့် Fog Empireမှ ကျိန်စာသင့်ကလေးများ၏ နားခိုးရာအိမ်။
         
            မြေအောက်အကျဉ်းထောင်ဟုဆိုသော်လည်း
သံတံတိုင်းများဖြင့်ကာရံထားခြင်းမဟုတ်။ကြည်လင်သော ရေခဲမှန်ဖြင့် ကာရံထားခြင်းဖြစ်သည်။
ဆွတ်ဆွတ်ဖြူနေသော လူသားများအား မယုံနိုင်ဖွယ် မြင်တွေ့နေရခြင်းဖြစ်သည်။ လူနှစ်ဦးမပြောနှင့် နှစ်ရာကျော်လျှင် တစ်ခါပင် အပြင်လူ ဝင်မလာတက်သောကြောင့် သူတို့ကလည်း တအံ့တဩဖြစ်နေဘေသည်။လူသားနှစ်ဦး ရှေ့ဆင့်နောက်ဆင့် သူတို့ရှေ့မှောက်သို့ ရောက်လာသောကြောင့်ဖြစ်သည်။
            
            မြင်နေရသော မြင်ကွင်းမှာ ဆန်းကျယ်နေသော်လည်း ခဏသာ သူအာရုံစိုက်မိလိုက်သည်။
Harutoကို ခုထိရှာမတွေ့သေး။

"မင်းက Fogလူမျိုးပဲ ဘာလို့ သာမာန်လိုဖြစ်နေတာလဲ"
      ဖြတ်လျောက်လာစဉ် အခန်းတစ်ခုမှ အသံထွက်လာလေသည်။သူ တစ်ချက်သာ ငဲ့ကြည့်ပြီး Rutoကို ရှာရန်ရှေ့ဆက်လိုက်သည်။

"မင်း က ငါတို့နဲ့အတူတူပဲ ငါတို့လို ကျိန်စာသင့်လူသားပဲ မင်းမျက်လုံးတွေနဲ့ ငါ့ကို တည့်တည့်ကြည့်လိုက်စမ်းပါ"

ပဲ့တင်သံသဖွယ် အသံမျိုးဖြင့် မရပ်မနားပြောနေလေသည်။ သူ ထိုလူသားဖြူဖြူအား တည့်တည့်စိုက်ကြည့်ကာ

"မင်း $ပါးစပ်ပေါက်ကိုပိတ်ထား ခုနက ဝင်လာတဲ့သူ ဘယ်နားမှာလဲပြော"

Lord of  Darkness (Complete ✅)Tempat cerita menjadi hidup. Temukan sekarang