🪐6

349 52 2
                                    

"Junkyu မင်း Fresher လေးတွေနဲ့ လေ့ကျင့်ရေးဆင်းရမယ်တဲ့"

"ဘာ"

"ငါလည်း ထူးဆန်းတယ်ထင်ပေမယ့် မင်း ဟိုညကလိုမျိုး ထပ်ကြုံရရင် ဘယ်လိုလုပ်မလဲ ဉာဏ်ကြီးရှင်မှန်း သိပေမယ့် ကြံ့ခိုင်မှု လိုတယ်"

"အရှင့်သား အမိန့်ပဲလား"

"ဒီတစ်ခါ ဘုရင်ကြီးအမိန့် ပြီးတော့ အပြင်သွားလာခွင့် ခဏ ပိတ်ထားတယ်"

"အဲ့ညက ငါမြင်ခဲ့တာ တကယ်ပဲ Greyတွေလား"

" အတည်ပြုဖို့က မင်းနဲ့ Rutoပဲရှိတာ ဒီအပတ်အတွင်း နန်းတော်က ဆင့်ခေါ်မယ်ထင်တယ် "

"ဟင်း..."
     
          𝗚𝗿𝗲𝘆လူမျိုးဆိုသည်မှာ Gray Empireမှ တစ်သီးတစ်သန့်ခွဲထွက်လာသော မြောက်ပိုင်းအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ သခင်မHellenထံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တောင်းခံပြီး ‌သူတို့၏မြောက်ပိုင်းဒေသအား ဝင်ရောက်စွက်ဖတ်ခွင့်မပြုရန်
အကြီးအကဲတစ်ဦး လျောက်တင်ရာတွင် နေရာမှာပင် ဝိဉာဉ်နှုတ်ခံခဲ့ရသည်။

         ထိုအချိန်မှစ၍ Greyအဖွဲ့အစည်းမှာ ငုပ်ရှိုးပျောက်ကွယ်သွားပြီး ယခု ပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။
           သခင်မသည် မှော်ပညာသုံးစွဲမှုအား အချို့နေရာများတွင် ကန့်သတ်ထားသည်။ 
           Greyများမှာ သူတို့၏မွေးရာပါ မှော်ပညာရပ်အား လွတ်လပ်စွာ သုံးစွဲချင်ကြသည်။
          ဤသည်မှာ ပဋိပက္ခ ဖြစ်ရခြင်း၏ လမ်းစပင်။

............

         ကိုယ်ခံအားလေ့ကျင့်ရေးဖြစ်သဖြင့် မီတာများစွာပြေးရမည်။ဒိုက်ထိုးရမည်။ ရေငုပ်ရမည်။
သူတစ်နေ့တာ အချိန်ဇယားကိုကြည့်ရင် သက်ပျင်းချမိသည်။

    "အာ ဘယ်သူများလဲလို့ Raid ITဌာနရဲ့ Softwareဆရာကြီးပဲ"

   Junkyuလှည့်ကြည့်လိုက်စဉ် သူစာသင်စဉ်က
"ပညာရှင်အမှားလား"ဟု ထမေးသော ကျောင်းသားဦးဆောင်သော အုပ်စုဖြစ်သည်။

   "အဲ့ဒီနေ့တည်းက မေးချင်နေတာ Hacker Jက Raidမှာအတော်ဆုံးဆို ခင်ဗျားက ဘာလဲHacker Jလား အကုန်တီထွင်ထားတာဆိုတော့"

     စာသင်ခန်းထဲတွင်သာ အစားသင်သော ဆရာအဖြစ် လေးစားမှု ပေးကြသော်လည်း ဤလေ့ကျင့်ရေးကွင်းတွင် လေ့ကျင့်ရေးမှူးမှတစ်ပါး အကုန်တန်းတူညီသည်။ထို့ကြောင့် ဒီကောင် ရန်လာစနေခြင်းပင်။

Lord of  Darkness (Complete ✅)Dove le storie prendono vita. Scoprilo ora