🪐19

210 30 2
                                    

အစည်းအဝေးခန်းမထဲတွင် အကြီးအကဲများအားလုံး
နေရာယူပြီးကြပြီဖြစ်သည်။ Healer လောင်းလျာများအား ‌ခေါင်းဆောင်သစ် တင်မြောက်မည်ဖြစ်ပြီး
ထိပ်သီးစည်းဝေးပွဲ၏ နောက်ဆုံးနေ့လည်းဖြစ်သည်။

အရှင် Aethiolas မှာ ယနေ့တွင် Gray Empire ၏ ခေါင်းဆောင် အနေဖြင့် ရှိနေခြင်းဖြစ်သော
ကြောင့် Gray သံတမန်များ အသက်ရှူချောင်နေရသည်။

"ခေါင်းဆောင်အားလုံးလည်း ရောက်ပြီ အခမ်းအနားစတင်လိုက်ရအောင်"

ဆရာသခင် Juno က ပွဲကို စတင်လိုက်သည်။
တစ်ဖတ်တွင် မျက်နှာဖုံးအောက်မှ မျက်လုံးလေးများ
ဂဏာ မငြိမ်ဖြစ်နေသူတစ်ယောက်ရှိလေသည်။
သူ၏ အတွေးအာရုံထဲတွင် မနေ့က ပုံရိပ်များဖြင့်သာ တဝဲလည်လည်။
..........

"ကိုကို  ကျွန်တော်တို့ အပြင်ခိုးထွက်ရအောင်"

"ဟင် မဖြစ်ဘူးလေ ဆရာသခင် သိရင်
ငါအပြစ်ပေးခံရလိမ့်မယ်"

"မသိအောင်သွားမယ် သိသွားရင်တောင် အပြစ်မခံယူရအောင် ကာကွယ်ပေးမှာ ဒီအရှင်ရဲ့ အသည်းအသက်ကို ဘယ်သူမှမထိရဲဘူး လာ စိတ်ချလက်ချလိုက်ခဲ့"

ကမ်းပေးလာသော လက်တစ်ဖက်ကို သူချက်ချင်း
မကိုင်မိ။တုံ့ဆိုင်းနေသော သူ့လက်ကို လှမ်းကိုင်ပြီး ခြေလှမ်းကြဲများနှင့် အခန်းထဲက ထွက်သွားသူနောက် သူအမှီလိုက်ရသည်။
အတန်ငယ်လျောက်ပြီးနောက် ရပ်လိုက်ပြီး
ဆုပ်ကိုင်ထားသော လက်အား ညင်သာစွာလွတ်‌ပေးပြီး ပခုံးလေးအား နုညံ့စွာကိုင် လာသည်။

အတန်ငယ်မှောင်နေပြီမို့ ခေါင်းတစ်လုံးစာ မြင့်သော ကောင်လေး၏ မျက်ဝန်းများက ပိုတောက်ပနေသယောင်။

"ကိုကို ခု သွားနေတဲ့ လမ်းမှာ တစ်ခုခု ခံစားရတာနဲ့
ကျွန်တော့်ကိုပြောနော် ချက်ချင်း ရပ်ပေးမယ် ခုတော့မျက်လုံးလေး ခဏမှိတ်ထား"

သူ က ဘာလို့လဲ ဟူသော အကြည့်နှင့်ပြန်ကြည့်တော့ ပြီတီတီနှင့်ပြန်ပြုံးပြလာသည်။

"နမ်းမယ်လို့ ထင်နေတာလား ဒီကိုကိုငတုံးလေးက
အချိန်တိုင်းနှာဘူး အတွေးတွေ တွေးနေတာပဲ
ကျွတ် ကျွတ်"

Lord of  Darkness (Complete ✅)Where stories live. Discover now