"သူ့နှလုံးသားက အချိန်ကြာရင် Grasen Stone ရဲ့ဝါးမျိုခြင်းခံလိုက်ရမှာ အဲ့ဒီအခါကျ သူ့နှလုံးက ဘယ်တော့မှ ခုန်လာတော့မှာမဟုတ်ဘူး"
"Grasen Stoneဆိုပေမယ့် အသွင်သဏ္ဍာန်မရှိဘူး
ဒါကို ဖြိုဖျတ်ပြီး အရှင် Aethiolas ရဲ့ နှလုံးသားကို ပြန်အသက်သွင်းဖို့က နည်းလမ်းတစ်ခုတော့ရှိတယ်
ကျိန်စာသင့်Fogလူမျိုးရဲ့ နှလုံးသွေးပဲ""ကျွန်တော်မျိုး နှလုံးသွေးကိုပေးပါရစေ"
မျက်လုံးကိုဖွင့်လိုက်ချိန်တွင် အခန်းတွင်းအလင်းရောင်ဖျော့ဖျော့သာရှိနေသည်။
ရင်တွေတုန်နေသောကြောင့် အနားရှိ ရေခရားထဲမှ ရေကို ယူသောက်လိုက်သည်။ လက်တစ်ချက်ဝှေ့ယှမ်းလိုက်ပြီးနောက် မီးများ နေရာအနှံ့လင်းလျက်သားဖြစ်သွားသည်။ကုတင်ထက်တွင် ငူငိုင်စွာအချိန်ကြာထိုင်နေသော အမျိုးသမီးတစ်ဦး။
သူမ၏ အတ္တကြောင့် သမီးဖြစ်သူအား ဆုံးရှုံးလိုက်ရသည့်အပြင် တစ်ဦးတည်းသော သားဖြစ်သူ၏ လျစ်လျူရှုခြင်းကို ခံနေရသော သခင်မHellen ဖြစ်လေသည်။" အိပ်မပျော်ဘူးလား သခင်"
"အိပ်မက်တွေ ဆက်မမက်ချင်တော့ဘူး Berry
ဒီအိပ်မက်တွေကို တားဖို့ နည်းမရှိတော့ဘူးလား"အစေခံမလေး Berryသည် သခင်မအား သနားစဖွယ် ငေးကြည့်နေသည်။
"သခင်မက တားဆီးချင်စိတ်ရှိမှ ရပ်တန့်လို့ ရမှာမဟုတ်လား အပြစ်ရှိတဲ့စိတ်နဲ့ ကိုယ်တိုင် ရပ်တန့်ဖို့
မကြိုးစားမိတာကကျ နည်းလမ်းမှန်မဟုတ်ဘူးထင်ပါတယ်"မှန်ပါသည်။ သခင်မ Hellen ၏ မှော်အစွမ်းနှင့် ကျင့်ကြံမှုများအရ အိပ်မက်များကိုပင်ထိန်းချုပ်နိုင်သော်လည်း ယခုမြင်မက်သော အိပ်မက်ကိုမူ သူမ မတားဆီးမိ။ သူမ က နာကျင်သင့်သည်။ သူမက ပြစ်ဒဏ်ခံယူသင့်သည်။
သားဖြစ်သူအား နှလုံးသားစစ်စစ်နှင့်အသက်ရှင်နေထိုင်နိုင်ရန် သားချစ်ရသူအား သူမ အသုံးချခဲ့သည်။ သူ၏နှလုံးသွေးဖြင့်သာ ပြန်လှုပ်နှိုးနိုင်မည်ကို ကိုယ်တိုင်အသိပေးခဲ့ပြီး အစီစဉ်များအတူချခဲ့သည်။ Aethiolas သိလျှင် ကန့်ကွက်မည်ကိုသိ၍
လုံးဝ ပြောမပြခဲ့ပါ။
YOU ARE READING
Lord of Darkness (Complete ✅)
FantasyTreasure OTPတွေထဲက ကိုယ်အကြိုက်ဆုံး OTPသုံးခုကို inspired ယူပြီး ရေးချင်လို့ပါ ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာထဲက မတူညီတဲ့ အချစ်တွေကိုအကောင်းဆုံးပုံဖော်ကြည့်ပါမယ်