Home-4

382 69 5
                                    

ကုန်တိုက်ထဲ ရောက်လာပေမယ့် ဘယ်ကဘယ်လို ပစ္စည်းတွေ စဝယ်ရမှန်းမသိချေ ။ ကရောသောပါးထွက်လာရတာကြောင့် စာရင်းလဲ ရေးမလာခဲ့ရ ။
Lisa က ဟိုကြည့်ဒီကြည့်ဖြင့် ရှေ့မှ ဝင်သွားပြီး ဂျီဆူးက ကလေးချီထားရင်းမှ သူ့နောက်ကနေ လိုက်လာသည် ။

" ဘာအရင် ဝယ်ရမလဲ "

" အရင်ဆုံး ကလေးပစ္စည်းထားတဲ့နေရာသွားကြတာပေါ့ "

Lisa က ပစ္စည်းထားတဲ့စင်တွေရှေ့မှာ ရပ်ကာ ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ဈေးဝယ်ခြင်းထဲမှာတော့ အခုထိ ဘာပစ္စည်းမှရှိမနေသေးချေ ။

" ဒိုင်ဘာ "

Jisoo က ကလေးချီထားရင်းမှပြောတော့ Lisa က ဒိုင်ဘာထုတ်တွေ ထားသည့်နေရာသို့ ထွက်သွားသည်။

" တွေ့တာယူနေလို့ မရဘူးလေ ။ Size လေး ဘာလေး ကြည့်ဦးမှပေါ့ "

Lisa က တွေ့ရာတစ်ထုတ် ကောက်ထည့်နေတာကြောင့် Jisoo က ပြောလိုက်ခြင်းဖြစ်သည် ။

" ဒီလောက်လေးတောင် မသိဘူးလား "

" ငါက ကလေးမှ မမွေးဖူးတာ ဘယ်လိုလုပ်သိမှာလဲ "

Lisa က ဒိုင်ဘာထုတ်တွေ လက်ထဲကိုင်ထားရင်းမှ Jisoo ကို ပြန်အော်ပြောသည်။ Lisa စကားကြောင့် Jisoo က မကျေမနပ်ဖြစ်ကာ

" ဒါဆို ငါက ကလေးမွေးဖူးလို့ သိနေတယ်လို့ ဆိုလိုတာလား "

" အဲ့လိုထင်ရင်လဲ ထင်ပေါ့ "

" ရှီး.... ဒီမလောက်လေးမလောက်စားနဲ့တော့ "

Jisoo ရဲ့ မကျေမနပ်ပြောဆိုနေမှုကို Lisa က လျစ်လျူ ရှုကာ ဒိုင်ဘာထုတ်တွေကို သေချာကြည့်၍ ဈေးဝယ်ခြင်းထဲ ထည့်နေသည် ။

" နို့မှုန့် ၊ နို့ဗူး ၊ အဝတ်အစား ၊ သေးခံအိပ်ရာခင်း ၊ ခေါင်းအုံး ၊ ကစားစရာ ၊ ပြီးတော့ ဘာရှိသေးလဲ... "

Jisoo က ကလေးချီထားရင်း ပါးစပ်ကနေ တောက်လျှောက်ရွတ်နေသည် ။ Lisa က ဈေးဝယ်ခြင်းကို ရှေ့ကနေ တွန်းသွားရင်းမှ Jisoo မကြားအောင် တီးတိုးရေရွတ်လိုက်သည် ။

".. သူက အကုန်သိနေတာပဲ.. တကယ်များ ကလေးမွေးဖူးလားမသိဘူး... "

" Ya... အရင်ဆုံး ကလေးထည့်ပြီး ပိုးရတဲ့ဟာဝယ်... ငါ မချီနိုင်တော့ဘူး ... လက်အံသေလာပြီ "

HOMEWhere stories live. Discover now