အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လောစ့်အိန်ဂျယ်လိစ်မြို့
" Unnie ပျောက်သွားတယ် ဟုတ်လား ... John ! "
" ဟုတ်ကဲ့ ... လွန်ခဲ့တဲ့ တစ်ပတ်လောက်ထဲက အိမ်ကထွက်ပြေးသွားတယ်လို့ သိရပါတယ် မမလေး "
" လွန်ခဲ့တဲ့ တစ်ပတ်... "
ဒါဆို သူမ စာမေးပွဲဖြေနေရသည့်ရက်အတောအတွင်းလောက်ကပေါ့ ။ စာမေးပွဲရက်မတိုင်ခင်က Unnie နှင့် အဆက်အသွယ်ရှိခဲ့သေးသည် ။
" Email ကော စစ်ကြည့်သေးလား "
" စစ်မကြည့်ရသေးပါဘူး မမလေး "
" OK ... John. .. သွားလို့ရပြီ "
John ထွက်သွားတော့မှ သူမ Laptop ကိုဖွင့်ကာ Email တွေ စစ်ကြည့်တော့ Unnie ဆီက စာတစ်စောင်ရောက်နေသည်ကို တွေ့ရသည် ။
" Chaeng... unnie မင်းတူမလေးကို မွေးပြီးသွားပြီ ၊ ဒါပေမယ့် Daddy က ကလေးကို လက်ခံမပေးဘူး Chaeng...
Unnie ကို နယူးဇီလန် ပြန်ပို့ဖို့ စီစဉ်နေကြတယ် ၊ Unnie သမီးလေးနဲ့ မခွဲနိုင်ဘူး ၊ ဒါပေမယ့် သမီးလေးက unnie နဲ့အတူရှိနေရင် သမီးလေးအတွက် အန္တရာယ်များတာမလို့ အချိန်တစ်ခုအထိ စိတ်ချရတဲ့လူတွေလက်ထဲမှာ ထားဖို့ ဆုံးဖြတ်ခဲ့တယ် ။ သူတို့ကိုလဲ ရက်အနည်းငယ်လောက် စောင့်ကြည့်ပြီး စိတ်ချရတော့မှ ကလေးကို စောင့်ရှောက်ပေးဖို့ ရွေးချယ်ခဲ့တာပါ ။ သမီးလေးအန္တရာယ်ကင်းဖို့အတွက် unnie ဘာလုပ်ရလုပ်ရပါ Chaeng ရယ်...
တူမလေးပုံနဲ့ သူ့ကို စောင့်ရှောက်ပေးထားတဲ့ နှစ်ယောက်လုံးပုံ ထည့်ပေးထားတယ် ၊ နှစ်ယောက်လုံးက တက္ကသိုလ်ကျောင်းသူတွေ
Chaeng နဲ့ အသက်အတူတူလောက်တွေပဲ ၊ ချစ်ဖို့ကောင်းတယ် ၊ နှစ်ယောက်လုံး အိမ်ငှားနေကြတာ ... "စာဖတ်ပြီးနောက် ပို့ပေးထားသည့်ပုံတွေကို ကြည့်လိုက်သည် ။
Unnie သမီးလေးက တော်တော်ချစ်စရာကောင်းသည် ။ ပြီးတော့ တူမလေးကို စောင့်ရှောက်ပေးထားသည်ဆိုသော ကျောင်းသူနှစ်ယောက်ရဲ့ ပုံကို ကြည့်လ်ုက်တော့ တစ်ယောက်က ဆံပင်ရှည်နှင့် ပါဝါမျက်မှန်တပ်ထားပြီး နောက်တစ်ယောက်ကတော့ ဆံပင်တိုတို အရပ်ရှည်ရှည်နှင့် နည်းနည်းဂျစ်ကန်ကန် ဆန်သည့် ပုံပေါက်သည် ။
Unnie က သေချာစောင့်ကြည့်ထားပြီးမှ ကလေးကို သူတို့လက်ထဲထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဆိုတော့ ယုံကြည်ရမှာပါဟုသာ တွေးလိုက်သည် ။
YOU ARE READING
HOME
FanfictionLisoo chaelisa jensoo အကျင့်စရိုက်မတူသောကောလိပ်ကျောင်းသူ အိမ်ငှါးနှစ်ဦး တစ်ယောက်နှင့်တစ်ယောက်က အစေးမကပ်ကြ သူတို့နှစ်ယောက်ဆီသို့မထင်မှတ်ထားပဲ ကလေးတစ်ယောက်ရောက်လာသောအခါ Lisoo chaelisa jensoo အကျင့်စရိုက်မတူသောကောလိပ်ကျောင်းသူ အိမ်ငှါးနှစ်ဦး တစ်ယောက်န...